💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-35)💜💜💜ဘေဘီ ရေချိုးပီး မိတ်ကပ်လေးပါးပါးလေလိမ်း peach color နှုတ်ခမ်းနီလေးဆိုးကာ အလှသေချာပြင်နေသည်
ရှားရှားပါးပါး ရှိတဲ့ မြန်မာဝတ်စုံလေးတစုံ ကောက်ဝတ်လိုက်ပီး"အွန်းးး perfect"
အိမ်ပေါ်ထပ်ကဆင်းလာပီး
"ဖေဖေ မေမေ morning"
"morningသမီးလေး Happy Birthday"
"မေမေကရော ပြောဘူးလား"
"Happy Birthday"
"ကဲကဲ ထိုင်ကြပါဦး ဘေဘီကန်တော့မယ်လေ"
"ဟုက်ပါပီ မိန်းမ လာထိုင်ဦး"
မနက်စာစားဖို့ ထမင်းစားပွဲမှာ ထိုင်နေတဲ့ဖေဖေနဲ့ မေမေ့ကို ကန်တော့ရင်း
"သမီးလေး တသက်လုံးပျော်ရွှင်ရပါစေ"
"စိတ်ချမ်းသာပီး ပြည့်စုံတဲ့ဘဝပိုင်ဆိုင်ရပါစေ"
တယောက်တခွန်းဆုပေးကြသည်
"ဟီးး မွေးဖွားပေးလို့ ကျေးဇူးပါ ဖေဖေနဲ့မေမေ"
"ဟုက်ပါပီ လာမနက်စာစား"
"စားတော့ဘူးလေ ရွှေစင်တို့နဲ့ဘုရားသွားမှာလေ သူတို့ရွှေတိဂုံမှာ စောင့်နေမှာ"
"ဟုက်ပါပီ မြန်မြန်ပြန်လာနော် ဖေဖေတို့လဲဆိုင်စောစောပိတ်ပီးပြန်လာမှာ ရွှေတို့ကြယ်တို့ပါခေါ်ခဲ့"
"ဟုက် သွားပီ"
"ဟဲ့ နေဦးလေ မွေးနေ့လက်ဆောင်မယူတော့ဘူးလား"
"ဟီး ဟုက်သားပဲ ဒီနှစ်ဘာပေးမှာလဲ ပြော"
"ရော့ ဖွင့်ကြည့်"
စက္ကူအိတ်ဗြောင်လေးကို ဟ ကြည့်လိုက်တော့
"ဟင် Samsungဖုန်းဘူးလေး
ဘေဘီ့ကို ဖုန်းအသစ်ဝယ်ပေးပီလား ဟီး""ဘာmodelလဲကြည့်လိုက်ပါဦး"
ဘူးလေးကိုသေချာဖွင့်ကြည့်တော့မှ
"ဘုရားရေ Note10 ဖေဖေတို့ကဘေဘီ့ကို Note10
ဝယ်ပေးတယ် Samsungရဲ့အခုနောက်ဆုံးထွက်modelကိုလေ""Note 10တောင်ရိုးရိုးမဟုက်ဘူး +ဗျာ"
"Note 10+ကို ဘေဘီ့ကိုဝယ်ပေးတယ် အရမ်းစျေးကြီးတယ်လေ ဘေဘီတို့အနေအထားနဲ့ဆို"

ВЫ ЧИТАЕТЕ
ခမ်းနားသောချစ်ခြင်း (Complete)
Любовные романыFb က ဟာကိုကြိုက်လို့ပြန်ပြီး ကူးယူတင်ထားပါနော် မူရင်း Author ကို credit ပေးပါတယ်နော်