💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-56)💜💜💜ပါမောက္ခချုပ် ရုံးခန်း
"မင်္ဂလာပါရှင့်"
"အော် ဟုက်ကဲ့ ကြွပါ"
"ကျွန်မ First Year, Section-Aက လမင်းဘေဘီရဲ့ အမေပါ"
"အော် ဟုက်ကဲ့ "
"အော် ကျွန်မကလေးကိစ္စ နဲနဲလေး တိုင်ပင်ချင်လို့ပါ"
"ဟုက်ကဲ့ ပြောပါရှင့်"
"သမီးကိုက ဒီတနှစ်ပီးရင် ကျောင်းပြောင်းပေးဖို့ကိုလေ အဲ့ဒါ ဘာတေလိုအပ်သေးလဲ သိချင်လို့ပါ"
"ဘာဖစ်လို့လဲ အမ ဒီကျောင်းမှာ တတ်ရတာ အဆင်များ မပြေလို့လားရှင်"
"အဆင်ပြေပါတယ် ကျောင်းကသိပ်ကောင်းပေမယ့်
Personal ကိစ္စတစ်ခုကြောင့်ပါ""အော် အဲ့ကိစ္စကို ဆွေးနွေးချင်ရင်လဲ ရပါတယ်နော်"
"အဲ့ကိစ္စကိုတော့ မဆွေးနွေးတော့ပါဘူး
ကျွန်မ ကျောင်းပြောင်းဖို့ပဲ သိချင်တာပါ""အော် ဟုက်ကဲ့ ကျောင်းပြောင်းဖို့ဆိုရင်
ကျောင်းအပ်ခဲ့တုန်းက အချက်အလက်တေပဲ လိုတာပါ ပီးရင် form ဖြည့်ရမယ် ကျွန်မတို့ကျောင်းက ကလေးရဲ့ အကျင့်စာရိတ္တနဲ့ သူအခုဖြေမယ့် စာမေးပွဲရဲ့ အမှတ်စာရင်းနဲ့ ထောက်ခံစာရေးပေးရမယ် ဒါပါပဲ""အော် ဟုက်ကဲ့"
"ဘယ်ကျောင်းပြောင်းဖို့စိတ်ကူးထားလဲ"
"လောလောဆယ်တော့ Victoria ကို စဉ်းစားထားတယ်"
"ကောင်းပါတယ် ဒါမဲ့လေ သေချာစဉ်းစားစေချင်တယ် The Signကထွက်ပီးရင် တခြားကျောင်းမှာ နေရာကောင်းရနိုင်ပေမယ့် တခြားကျောင်းကနေ The Signကိုပြန်တတ်ဖို့ဆို ဝင်ခွင့်တွေအထပ်ထပ်ပြန်ဖြေပီးမှ ရနိုင်မှာမို့လို့ပါ"
"ဟုက်ကဲ့ ကျွန်မ အာ့တေသိပါတယ်"
"အမဘက်က ပြောင်းဖို့သေချာတယ်ဆိုရင်တော့စာမေးပွဲဖြေပီး ၁လခွဲကြာရင် ကျောင်းကိုလာဆက်သွယ်ပေးပါရှင့်"
"ဟုက်ကဲ့ အာ့ဆို ကျွန်မကို ခွင့်ပြုပါဦး"
"ဟုက်ကဲ့ပါရှင့်"
![](https://img.wattpad.com/cover/329492320-288-k328722.jpg)
ESTÁS LEYENDO
ခမ်းနားသောချစ်ခြင်း (Complete)
RomanceFb က ဟာကိုကြိုက်လို့ပြန်ပြီး ကူးယူတင်ထားပါနော် မူရင်း Author ကို credit ပေးပါတယ်နော်