💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-44)💜💜💜ဒီးးးဒီးး"
"အဟက် အခုပဲဖုန်းခေါ်တော့မလို့ကို"
ပြုံးမိရင်း ဖုန်းကောက်ကိုင်လိုက်တယ်ဆို
"ဦးရေ ဦးရေ"
"ဗျာ ဗျာ ပြောပါဗျာ"
"ဟီး ဘာလုပ်နေလဲ"
"အင်းး မဂ္ဂဇင်းဖတ်နေတာ အလုပ်အားလို့"
"မဂ္ဂဇင်း ဦးကဘာမဂ္ဂဇင်းတေဖတ်တာလဲ"
"CEO Magazineတို့ Forbes Magazineတို့ပေါ့"
"အော် စီးပွားရေး မဂ္ဂဇင်းတေ ဟုက်"
"အင်းလေ ဘာလဲ ခလေးက မင်းသား မင်းသမီးတေပါတဲ့ မဂ္ဂဇင်းတေ ဖတ်နေတယ် ထင်လို့လား"
"သိဘူးလေ အဲ့လိုထင်တာပေါ့"
"အဟက် ဦးက အဲ့အပိုအလုပ်တေလုပ်ဖို့ အားပါ့မလား"
"ဟွန်း အပိုအလုပ်တဲ့ တွေ့မယ် ဘေဘီ့ကိုceleပေါက်စလေးဆိုပီး MODA က coverရိုက်ဖို့ကမ်းလှမ်းဖူးတယ်နော် ဘေဘီရိုက်မှ လာကြည့်ရဲကြည့်ကြည့်"
"ဟားဟား ခလေးပုံပါတဲ့ မဂ္ဂဇင်းဆို ထုတ်သမျှအကုန်ဝယ်ပီး အိမ်ခန်းထဲမှာ အပြည့်ကပ်ထားမှာ ညညလဲဖက်အိပ်ဦးမှာ"
"ဟွန့် အမြင်ကိုကပ်တယ်"
"ဟာ ဘာလို့လဲ ခလေးရဲ့"
"ဦးက အပိုအလုပ်လို့ပြောတာကိုး
ဒါနယ်ပယ်အသီးသီးကလူတေကိုစော်ကားတာလေ Fashionတေ အလှအပတေ မင်းသားမင်းသမီးတေ အားလုံးသူ့နယ်ပယ်နဲ့သူအရေးကြီးတာပဲလေ စီးပွားရေးမှအဓိကမဟုက်ဘူး""အော် ဟုက်ပါပီ ဦးနားလည်ပါပီ
ဦးကစီးပွားရေး နယ်ပယ်ကမို့ ဒီလိုစာအုပ်တေက ဦးအတွက်အပိုတေလို့ပြောတာပါ ဦးဘယ်သူ့ကိုမှမစော်ကားတာမဟုက်ပါဘူး ဟုက်ပီလား""ပီးရော"
"ဒါနဲ့ ခလေး မနက်ကဆူခံရသေးလား ဖေဖေမေမေတို့ရော ဦးအကြောင်းဘာပြောသေးလဲ"
"မေမေကတော့ ဘေဘီ့ကိုနဲနဲငေါက်တာပေါ့
ဖေဖေကတော့ ဦးကဘေဘီ့ကိုချစ်တော့ချစ်တယ် ဒါမဲ့စကားပြောတာနဲနဲProudဖစ်တယ်တဲ့"
![](https://img.wattpad.com/cover/329492320-288-k328722.jpg)
ESTÁS LEYENDO
ခမ်းနားသောချစ်ခြင်း (Complete)
RomanceFb က ဟာကိုကြိုက်လို့ပြန်ပြီး ကူးယူတင်ထားပါနော် မူရင်း Author ကို credit ပေးပါတယ်နော်