💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-49)💜💜💜ဘေဘီဦးပြန်သွားကတည်းက ငိုနေမိတာ ညနေစောင်းအထိ
ငိုရင်း စဉ်းစားမိတယ် ဦးနဲ့ဝေးလို့မဖစ်ဘူး ဦးကိုအရမ်းသနားတယ် အမှန်တရားကဘာဖစ်ဖစ် ဘေဘီဦးနဲ့မခွဲနိုင်ဘူး
ဘေဘီဘယ်လိုလုပ်ရမလဲ
ကျောင်းမြန်မြန်တတ်ရမှဖစ်မှာ"သမီးရေ ဘေဘီညစားမယ်"
ငိုထားသမျှမျက်ရည်တေ အကုန်သုတ်ပစ်ကာ မျက်နှာသစ်ပီးထွက်လာသည်
အစွမ်းကုန်ပြုံးရင်း"လာပီမေမေ"
"ရောက်ပီလား ဒီမှာသမီးကြိုက်တဲ့ ဂဏန်းမဆလာလဲ ချက်ထားတယ်"
ပြောကာမှ ဂဏန်းစားတိုင်း သေချာအသားထုတ်ကာ ခွံ့ကျွေးနေကြ ဦးမျက်နှာကို မြင်ယောင်လာရင်း
ပြည့်အိုင်လာတဲ့မျက်ရည်တေကို မျက်တောက်ရှည်ရှည်နဲ့ ပုတ်ခတ်ထုတ်ရင်း"ဟီးမွှေးနေရောပဲ"
"ကဲ လာ ဖေဖေအသားထုတ်ပေးမယ်"
"နေနေ ရတယ် ဖေဖေ ဘေဘီ့ဖာသာထွင်စားမယ်"
"လုပ်တတ်လို့လား သမီးရဲ့"
"မလုပ်တတ်လဲ လုပ်ရမှာပေါ့ ဖေဖေမေမေတို့မရှိရင် ဘေဘီကတယောက်ထဲ ရှင်သန်ရမှာလေ ဘယ်သူကဂရုတစိုက်လုပ်ပေးမှာမို့လို့လဲ"
ဦးထွန်းတောက်သိလိုက်ပီ ဒါ ဘေဘီလေးက သူ့ဦးနဲ့မှ မဟုက်ရင် သူ့တဘဝလုံး တယောက်ထဲပဲ ဖြတ်သန်းမယ်ဆိုတာ ကြေညာလိုက်တာ
"ဒါနဲ့မေမေ ဘေဘီဦးကို ဖြတ်လိုက်တော့မယ်နော်"
"တကယ်လား သမီး"
"အင်း မေမေကအဲ့လိုဖစ်စေချင်တာမလား ပီးတော့ မေမေပြောသလို သူတို့ မြင်တိုင်း စိတ်ထဲနာကျင်နေရမှာအဆင်မပြေဘူးလေ ဟုက်တယ်မလား"
"ဟုက်တယ် ဖြတ်လိုက်သမီး သူ့အသိုင်းအဝိုင်းတခုလုံးနဲ့မပက်သတ်နဲ့တော့"
"ဟုက်"
"သမီးလေးက တကယ်ပြက်နိုင်လို့လား"
"ပြက်နိုင်ရမှာပေါ့ဖေဖေရဲ့ ဖေဖေပြောသလို ငယ်တုန်းမလို့ အချစ်လို့ထင်နေတာပါ သေချာစဉ်းစားကြည့်ရင် ဘာမှမဟုက်ဘူး အရမ်းချောတော့ နှမြောတော့ နှမြောတာပေါ့ ဟဲဟဲ"
![](https://img.wattpad.com/cover/329492320-288-k328722.jpg)
YOU ARE READING
ခမ်းနားသောချစ်ခြင်း (Complete)
RomanceFb က ဟာကိုကြိုက်လို့ပြန်ပြီး ကူးယူတင်ထားပါနော် မူရင်း Author ကို credit ပေးပါတယ်နော်