💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-42)💜💜💜"ကျွီ"
ဘေဘီတို့ခြံထဲကိုကားနှစ်စီးဝင်လာသည်
ရွှေစင့်ကားပေါ်ကဘေဘီ့သူငယ်ချင်းတေဆင်းလာသည်
သင်္ကေတကားတံခါးဆင်းဖွင့်ကာ"လာကျောပေါ်တတ်"
"ရတယ် သူတို့နဲ့ပဲသွားလိုက်မယ်လေ"
"မရပါဘူး အခန်းထဲထိလိုက်ပို့မှာ"
"ဦးကလဲ"
"ဦးကိုဒီချိန်ကြီးအိမ်ထဲမခေါ်ချင်တာသိတယ် ဒါမဲ့ ထောနဲ့ထော့နဲ့ နဲ့လှေကားတတ်မှာစိတ်မချဘူး ခလေးသူငယ်ချင်တေကလူကောင်သာထွားတာ အားကောင်းမောင်းသန်တယောက်မှပါမယ့်ပုံမပေါ်ဘူး"
"အွန်း"
"လာကျောပေါ်"
နှိမ့်ပေးထားတဲ့ဦးရဲ့ကျောပေါ်ခိုကာ လည်ပင်းကိုသိုင်းဖက်ထားသည်
သူမလေးရဲ့ကိုယ်အိအိလေးကျောပေါ်ရောက်လာတဲ့အထိကြောင့်ပြုံးမိသည် လည်တိုင်ကိုလာတိုက်ခတ်လာတဲ့လေနွေးနွေးလေးရယ် ပခုံးကြားထဲတိုးဝင်လာတဲ့မျက်နှာလေးကြောင့်ရင်ဖိုရပြန်သည်
လှေကားပေါ်တတ်နေရင်း သူ့လည်တိုင်ကိုခိုးနမ်းလိုက်တဲ့ခလေးကြောင့် ခြေလှမ်းတေနှေးသွားသည်
"မြန်မြန်သွားလေ"
"အခန်းထဲမရောက်စေချင်သေးဘူး"
"ဝေ့လည်ကြောင်ပက်မလုပ်နေနဲ့ဘေဘီအိပ်ချင်နေပီ"
"အဟက် အေးပါကွာ"
အခန်းလေးထဲရောက်တယ်ဆို ခမ်းခမ်းနားနားကြီးမဟုက်ပေမယ့် aircon ဘီဒို မှန်တင်ခုံ စာအုပ်စင်လေး စာကြည့်စားပွဲ ကုတင် နဲ့ထိုင်ခုံလှလှလေးတေ ထဘီတန်းလေးတေကအစ ရှိသင်တဲ့ပစ္စည်းအကုန်ပြည့်စုံအောင်ထားပေးတဲ့ ခလေးမိဘတေကိုတော့စိတ်ထဲကချီးကျူးရင်းပြုံးမိသည်
အမှိုတ်ပုံးလေးကအစလှလှလေးဖစ်အောင်လုပ်ထားတာ တခန်းလုံးလဲလခြမ်းပုံအနုမြူလေးတေကပ်ထားသေးတယ်
"ဦးနော် သူများအခန်းကိုရှိုးလိုက်တာအရမ်းပဲ"
"မဟုက်ပါဘူး သေးသေးလေးနဲ့အကုန်ပြည့်စုံအောင်လုပ်ပေးထားလို့ သဘောကျနေတာ ဟိုးတခါလာဖူးတုန်းက သေချာမကြည့်မိဘူးလေ"
![](https://img.wattpad.com/cover/329492320-288-k328722.jpg)
YOU ARE READING
ခမ်းနားသောချစ်ခြင်း (Complete)
RomanceFb က ဟာကိုကြိုက်လို့ပြန်ပြီး ကူးယူတင်ထားပါနော် မူရင်း Author ကို credit ပေးပါတယ်နော်