Unicode
ညကတစ်ညလုံး အိပ်မရလို့လားမသိ။ မနက်မိုးလင်းတော့ တစ်ကိုယ်လုံးကိုက်ခဲကာ မျက်လုံးတွေဟာလည်းကြိမ်းစက်နေသေးသည်။ ဒယ်ဒီတို့လာရှာမှာကိုစောင့်ပြီး သူတို့ဒီအတိုင်းထိုင်နေလို့မဖြစ်။ အနည်းဆုံးတော့ တောထဲဝင်ပြီး တည်းခိုစရာနေရာတစ်ခုလောက်တော့ရှာမှဖြစ်မည်။ ခက်တာက ဒီကျွန်းအနီးနားတစ်ဝိုက်ကိုသူတစ်ခါမှမရောက်ဖူးတာမို့ တောကကြမ်း မကြမ်းဆိုတာကိုသူသေချာမသိ။
တောကသူထင်ထားတာထက် ပိုကြမ်းတာဖြစ်နိူင်သလို တောရိုင်းကောင်တွေလည်းရှိနေနိူင်သည်။ သူတို့မှာကနှစ်ယောက်ပေါင်းမှ သူ့မှာဆောင်ထားတဲ့ခေါက်ဓားလေးတစ်ချောင်းရယ်သာရှိတာမို့ ဒီအတိုင်းအလွတ်သက်သက်တောထဲတိုးဝင်ဖို့ဆိုတာ အရဲစွန့်လွန်းရာကျမည်။ အနီးတစ်ဝိုက်ကို မျက်လုံးဝေ့ဝဲကြည့်မိတော့ သူထိုင်နေတဲ့နေရာနဲ့ မနီးမဝေးက သစ်ပင်ကအကိုင်းအခက်တွေအများကြီးဖြာထွက်နေတာမို့ ထိုအကိုင်းအခက်တွေထဲက ခိုင်ခံ့မယ်ထင်ရတဲ့ အကိုင်းလေး ငါးကိုင်းကိုချိုးလိုက်သည်။
ပြီးမှ လက်တစ်ထောင်ခန့်အရွယ်အစားစီပြန်ချိုးရင်း နှစ်ဖက်အသွားတွေကို သူ့ရဲ့ခေါက်ဓားအကူအညီဖြင့် ချွန်ထက်နေအောင် သွေးနေမိသည်။ အကယ်၍ တောထဲမှာ တစ်ခုတစ်စုံအန္တရာယ်ကြုံလာတဲ့အခါ လက်ဗလာချည်းသက်သက်ထက်စာရင် ဒီလိုပြင်ဆင်ထားခြင်းက အနည်းငယ်တော့ခံသာပေဦးမည်။
အိပ်နေရင်းမျက်နှာကိုစူးစူးဝါးဝါးထိုးနေတဲ့ နေအရှိန်ကြောင့် မျက်နှာကိုလက်နှစ်ဖက်ဖြင့် ကာလိုက်ရင်းမျက်ခုံးတွေကိုတွန့်ချိုးလိုက်မိသည်။ အကြောတစ်ချက်ဆန့်လို့ ပြန်အိပ်ရန်ပြင်ပြီးကာမှ လက်ရှိအခြေအနေကိုသတိရမိသွားတာမို့ အထိတ်တလန့်ဖြင့် ကုန်းရုန်းထထိုင်မိတော့ ခပ်လှမ်းလှမ်းမှာ ဓားတစ်ချောင်းနဲ့သစ်ကိုင်းကိုချွန်မြအောင်သွေးနေတဲ့ ဝမ်ရိပေါ်ကိုတွေ့ရသည်။
ဘာလဲ... ဒီအရိုင်းအစိုင်းကောင်က သူအိပ်ပျော်နေတုန်း သူ့ကိုသတ်ပစ်ဖို့ကြံစည်နေတာလား။ ဆူးချွန်တွေလို ချွန်ထက်နေတဲ့ သစ်ကိုင်းရဲ့အသွားနှစ်ဖက်ကိုကြည့်ရင်း ကြက်သီးပင်ထလာမိသည်။ သူကြည့်နေတုန်းမှာပင် ဝမ်ရိပေါ်က သူ့ရှိရာကိုမှုန်ကုပ်ကုပ်ဖြင့်လှမ်းကြည့်လာတာမို့ အယောင်ယောင်အမှားမှားဖြင့် မျက်နှာကိုတစ်ဖက်လွှဲလိုက်မိသည်။
YOU ARE READING
Dare You Escape?[Completed]
RomanceRun away from me,if you dare... {Present for my special one}