အခန်း(၁၄)- ခေါင်းဝါကောင်

1.9K 165 10
                                    

Unicode

သူတို့နေရမယ့်အိမ်က ရွာစပ်နားလောက်မှာရှိပြီး ခြေတံရှည်ပျဥ်ထောင်အိမ်လေးဖြစ်သည်။ လမ်းတစ်လျှောက် သူခန့်မှန်းကြည့်ရသလောက် ဒီရွာမှာက ရွာသူရွာသားနည်းသလို အိမ်ခြေလည်းနည်းသည်။ ခြံတိုင်းမှာ သီးပင်စားပင်တွေစိုက်ထားပြီး တစ်ခြံနဲ့တစ်ခြံတောင်သေချာမမြင်ရပေ။ လူသူမရှိကျွန်းပေါ်မှာတည်ထားတဲ့ ရွာလေးဖြစ်တာနဲ့အညီ အသုံးအဆောင်အတော်များများက သစ်သားဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။

သူအရင်က လူအရောက်အပေါက်မရှိတဲ့ဒီကျွန်းမှာ အခုလိုမျိုးရွာရှိနေမှန်းမသိခဲ့ပေ။ သူမှမဟုတ် မည်သူကမှသတိမထားမိခြင်းဖြစ်သည်။ ဒီလောက်တောနက်နက်ထဲအထိ မရောက်ဖူးကြတာလည်းပါလိမ့်မည်။ သူတို့တည်းရမယ့်အိမ်ရဲ့ခြံဝိုင်းထဲကို ဝင်လိုက်တာနဲ့ အမျိုးသမီးတစ်ဦးက ကလေးတစ်ယောက်ကိုချီလို့ အိမ်ပေါ်ကနေအပြေးဆင်းလာရင်း

"တော်သေးတာပေါ့ နင်ပြန်ရောက်လာလို့။ နင့်သားက အရမ်းဂျီကျနေတာ"

ထိုအမျိုးသမီးက အားလျန့်ဆိုသူရဲ့လက်ထဲကို ကလေးကိုပြောင်းချီစေကာ စိတ်ညစ်ငြူးဟန်ဖြင့်ပြောလိုက်တဲ့စကားကြောင့် သူတို့နှစ်ယောက်လုံး အားလျန့်ရဲ့လက်ထဲမှာချီထားတဲ့ ကလေးကိုလှမ်းကြည့်လိုက်မိသည်။ ဂျီကျတယ်သာ ဆိုတယ်။ ထိုကလေးကဖြင့် မှင်သေသေမျက်နှာလေးဖြင့် သူတို့နှစ်ယောက်ကို ပြူးကြောင်ကြောင်လေးလှမ်းကြည့်နေလေသည်။

"ဟဲ့ အားလျန့်.. ငါတို့ရွာကို ရောက်လာတဲ့ဧည့်သည်တွေဆိုတာ သူတို့လား။ ချောချက်ပဲနော်... အရပ်ကြီးကလည်း အရှည်ကြီးတွေပဲရယ်"

အမျိုးသမီးငယ်လေးက အားလျန့်ရဲ့နား,နားကပ်လို့ တီးတိုးဆိုလိုက်တာပေမယ့် နားပါးလွန်းတဲ့ရိပေါ်က သေချာပေါက်ကြားလိုက်ရတာမို့ မျက်ခုံးတန်းတွေကို စုကျုံ့လိုက်မိသည်။ ထိုအမျိုးသမီးကတော့ သူတို့နှစ်ယောက်ကိုပြုံးစစဖြင့်ကြည့်ရင်း ထွက်သွားလေသည်။

"သူ့နာမည်က အားစုလေ။ ကျွန်တော်အပြင်ထွက်သွားတဲ့အချိန်တိုင်း တန့်တန့်လေးကို လာထိန်းပေးတဲ့သူပေါ့"

Dare You Escape?[Completed]Where stories live. Discover now