Part 1

6K 119 6
                                    

Unicode

လူတစ်ယောက်ကို ချစ်မိသွားတာ အကြောင်းပြချက် ရှိနိုင်ပါသလား? တစ်ချို့လည်း ရှိတယ်လို့ ဖြေပါလိမ့်မယ်။ ကိုယ် ချစ်မိသွားသူရဲ့ နွေးထွေးတဲ့ စိတ်နေစိတ်ထားလေးကြောင့်၊ ရုပ်ရည်ကြောင့်ဆိုသည်ဆိုသည်ဖြင့်ပေါ့။ အကြောင်းပြချက် မရှိပါလို့ ဖြေသူတွေလည်း သေချာပေါက် ရှိကြပါတယ်။ "တေးသံစဉ်" ဆိုတဲ့ မိန်းကလေး အပါအဝင်ပေါ့။ တေးအတွက်တော့ "သူမ" ဆိုသူရဲ့ ဖြစ်တည်မှုလေးကသာ နှလုံးသား တံခါးရဲ့ သော့ချက်ကလေး ဖြစ်ခဲ့ပါတယ်။

အဲဒီလို တေး ချစ်မိသွားတဲ့ "သူမ" ဟာ တေးထက် ၅နှစ်ကြီးသူ တစ်ယောက်ပါ။ "သူမ" ဟာလည်း တေးကို သိပ်ချစ်တာမို့ နှစ်ဦးသား ဇနီးမယားဆိုတဲ့ ဘဝလေးဆီ အရောက်လှမ်းမယ်ဆိုပြီး တေးကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ တေးလည်း လက်ခံခဲ့တာပေါ့။ "သူမ" ကို လက်ခံခဲ့တာမို့ တေးတစ်ယောက် မရွေးချယ်ခဲ့မိတဲ့ တစ်ယောက်သောသူအပေါ်လည်း တွေးမိတိုင်း နာကျင်ခဲ့ရတယ်။ တစ်ဖက်မှာလည်း ချစ်ရတဲ့ "သူမ" ကြောင့် တေး ရင်ထဲ ငြိမ်းအေးသွားခဲ့ရပါတယ်။

အခုဆိုရင် "တေးသံစဉ်" ဆိုတဲ့ မိန်းကလေးဟာ အဖြူရောင် မင်္ဂလာဝတ်စုံလေးနဲ့အတူ "သူမ" ကို အဝတ်လဲခန်းထဲမှာ စောင့်နေခဲ့ပြီလေ။ အပြင်မှာ ဧည့်သည်တွေလဲစုံပြီးမင်္ဂလာချိန် နီးလာတဲ့အခါမှာတော့ တေးလိုပဲ မင်္ဂလာဝတ်စုံလေးနဲ့ "သူမ" ဟာ တေးဆီကို လျှောက်လှမ်းလာရင်း သူမရဲ့ လက်ကို ကမ်းပေးလိုက်ကာ

"Be my wife"

_____________

လွန်ခဲ့တဲ့ ၁၆နှစ်

"မေမေ..ခါးနာနေတာကို ဒီလိုမျိုး အလေးအပင်တွေ မလို့ ဖြစ်ပါ့မလား"

"ရပါတယ် သမီးရယ်။ ဒီလောက်က ပေါ့ပါတယ်။ မေမေ လုပ်နေကျပဲကို.."

"ဟာ..မဟုတ်တာပဲ။ ဖယ်ပါ။ သမီးပဲ မ လိုက်ပါ့မယ်"

ပြောပြောဆိုဆိုနဲ့ ဆုမွန်ချိုတစ်ယောက် မိခင်ရဲ့ လက်ထဲက ရေအိုးကြီးကို ဆွဲယူရင်း ပေါ့ပေါ့ပါးပါးပင် လျှောက်လှမ်းလာခဲ့တယ်။ မိခင်ကြီးကတော့ ပီတိဖြာရင်း တပြုံးပြုံးနဲ့ လိုက်လာခဲ့တာပေါ့။

ဆူးတွယ်ရစ်တဲ့ ချစ်တေးငှက်ငယ်Where stories live. Discover now