Part 13

1.6K 65 3
                                    

Unicode

"တို့နားမှာပဲ နေပေးပါ"

"အစ်..အစ်မ.."

"အစ်မ" ဆိုသူ သွေးတစ်ယောက် ဘာမှ ဆက်မပြောဖြစ်ပဲ မျက်လုံးလေးတွေ မှိတ်ထားခဲ့တယ်။ သူမရဲ့ ကိုယ်လုံးထက်ဝယ် သံစဉ့်ကို အုပ်မိုးစေလျက်နဲ့ပေါ့။ သံစဉ့်မှာတော့   ခေါင်းထဲမှာ ဒီလို အခြေအနေမျိုးကို ဘယ်လို အဓိပ္ပာယ်ဖွင့်ရမလဲ ဘာဆက်လုပ်သင့်လဲဆိုတဲ့ မေးခွန်းတွေ တွန်းထိုးလျက်ပေါ့။ ဒီကြားထဲ ပူလောင်ခြင်း ကင်းဝေးတဲ့ မျက်နှာလေးနဲ့ မျက်လုံးလေးတွေ မှိတ်ထားတဲ့ "အစ်မ" ကို ကြည့်ရင်း တဒိန်းဒိန်းနဲ့ ခုန်လာနေတဲ့ ရင်ခုန်သံတွေကြောင့် ပဟေဠိပွါးရပြန်တယ်။ ကိုယ့်ကိုယ်ကိုလည်း မေးခွန်းထုတ်မိတယ်။ အခု အခြေအနေကြီးက အစိမ်းသက်သက် ဖြစ်နေခဲ့လို့လား? ဒါမှမဟုတ်...မရှိသင့် မတွေးအပ်တဲ့ ခံစားချက်တွေ forbidden emotions တွေကြောင့်များလား?

သံစဉ် တွေးတောနေတုန်းမှာပဲ သွေးက အောက်ကနေ

"တို့ မင်းနဲ့ အတူတူ အိပ်ချင်တယ်"

"ရှင်?!! အ.."

ပြောပြောဆိုဆိုနဲ့ သွေးက သံစဉ့်ကို သူမ ရင်ခွင်ထဲ ထည့်သိပ်ရင်း လှဲအိပ်စေခဲ့တယ်။ သံစဉ့်မှာတော့ မျက်လုံးလေး ကလယ်ကလယ် နှလုံးခုန်သံ တဒုန်းဒုန်းနဲ့ပေါ့။ ရုန်းထွက်ရအောင်လည်း "အစ်မ" ရဲ့ အပွေ့အဖက်က သိပ်ကို တင်းကျပ်လွန်းနေခဲ့တယ်။ အဲလိုဆိုပြီး အားကုန်သုံးပြီးလည်း "အစ်မ" ရင်ခွင်ထဲက ရုန်းမထွက်ချင်ပြန်။

အဲဒီအချိန်မှာပဲ "အစ်မ" တစ်ဖြစ်လဲ သွေးက မျက်လုံးအသာအယာဖွင့်ပြီး ရီဝေဝေ မျက်ဝန်းတွေနဲ့အတူ သံစဉ့်ကို စိုက်ကြည့်နေရင်း

"မင်း မှတ်မိသေးလား?"

"ရှင်?!"

သံစဉ်လည်း ခဏတာ ကြောင်သွားပြီးမှ ငယ်ငယ်က "အစ်မ" ပြောတဲ့ ပုံပြင်လေးတွေ နားထောင်ရင်း "အစ်မ" နဲ့ တူတူ ဖက်အိပ်ခဲ့တဲ့ အမှတ်တရတွေကို မြင်ယောင်မိတာမို့

"ဟုတ်..။ တေး မှတ်မိပါတယ်"

တေး မှတ်မိတယ်ဆိုတာမို့ သွေးတစ်ယောက် သဘောတွေကျပြီး တစ်ချက်ရယ်လိုက်ကာ

ဆူးတွယ်ရစ်တဲ့ ချစ်တေးငှက်ငယ်Where stories live. Discover now