Part 5

1.6K 69 0
                                    

Unicode

မိုးကောင်းကင်ကြီးတစ်ခုလုံး အုံ့မှိုင်းညို့မှောင်နေခဲ့တယ်။ တိမ်စိုင်တိမ်သား အထပ်ထပ်တို့နဲ့ မှောင်ရိပ်လွှမ်းနေတဲ့ ကောင်းကင်ကြီးဟာ ကလေးမလေးနှစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကို လှစ်ဟာပြနေသလိုပါပဲ။

ဆူးသွေးခက်ဆိုတဲ့ မိဘမဲ့ခဲ့ရတဲ့ ကလေးမလေးဟာ သူမဘဝရဲ့ တစ်ဦးတည်းသော သွေးသားရင်းဖြစ်တဲ့ အဘွားဖြစ်သူ ဒေါ်ဒေဝီစိန်ကိုပါ မမျှော်လင့်ပဲ ဆုံးရှုံးသွားခဲ့ရပါတယ်။ ဟုတ်တယ်။ သူမ ငိုခဲ့တယ်။ ဆေးရုံကို လိုက်သွားရင်း အသက်မဲ့စွာ လဲလျောင်းနေတဲ့ အေးစက်စက် အဘွားဖြစ်သူရဲ့ ရုပ်အလောင်းကို ပွေ့ဖက်ရင်း ငိုကြွေးခဲ့တယ်။ ထမင်းဆိုလည်း လုံးဝမစား။ ရေဝေးမပို့ခင်အထိ အဘွားရဲ့ ရုပ်အလောင်းနားမှာပဲ တရှုံ့ရှုံ့နဲ့ ငိုကြွေးရင်းနေခဲ့တယ်။ ဒါပေမဲ့ ဒါဟာ အသုဘ မတိုင်ခင်အထိပါပဲ။ ဘာလို့ဆို သွေးဟာ ရေဝေးသုသာန်မှာ အဘွားဖြစ်သူရဲ့ စျာပန ကျင်းပတဲ့ နေ့ကစပြီး မျက်ရည်တစ်စက် မကျခဲ့လို့ပါပဲ။ ဘာဆို ဘာခံစားချက်မှလည်း ထုတ်မပြတော့..။

အဲဒီလို သွေးဟာ ရင်ထဲမှာတော့ တစ်စုံတစ်ဦးကိုတော့ သူမအနားမှာ ရှိနေစေချင်ခဲ့ပါတယ်။ သို့သော်လည်း ကားအက်ဆီးဒန့် သတင်းဆိုးကြီးကိုကြားတဲ့နေ့ကစပြီး သူမတို့ ထပ်မဆုံဖြစ်တော့ပါ..။

အုံ့မှိုင်းမှိုင်း ကောင်းကင်ယံကို မော်ကြည့်လိုက်ရင်း အရွယ်နဲ့ မမျှအောင် လောကဓံကြား နစ်မွန်းခဲ့ရတဲ့ ကလေးမလေးတစ်ယောက်လည်း ရှိပါသေးတယ်။ တေးသံစဉ်..။ နာမည်အတိုင်း တေးသံမသာနိုင် မရွှင်လန်းနိုင်တော့တဲ့ ၉နှစ်သမီးလေးတစ်ယောက်ပေါ့။ သူမ ဖခင် ဦးသီဟကျော်ဟာ သွေးရဲ့ အဘွား ဒေါ်ဒေဝီစိန်နဲ့အတူ ကားအက်ဆီးဒန့်မှာ ဆုံးပါးသွားခဲ့တယ်လေ။ ဒရိုင်ဘာဖြစ်သူ ဆုမွန်ဖေဖေနဲ့ ဒရိုင်ဘာခုံရဲ့ နောက်တည့်တည့်မှာထိုင်သူ သံစဉ့်မေမေတို့က ဒဏ်ရာပြင်းထန်စွာရပြီး အသက်မဆုံးရှုံးခဲ့သော်လည်း ဒရိုင်ဘာ ဘယ်ဘက်နဲ့ ဘယ်ဘက်ရဲ့နောက်မှာထိုင်တဲ့ သံစဉ့်ဖေဖေနဲ့ သွေးဘွားဘွားတို့ခမျာတော့ လမ်းကြောင်းမှားလာတဲ့ Alphard အနက်ရောင်ကား တိုက်ရိုက်တိုက်ခံလိုက်ရတာကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်။ ဒီဖြစ်ရပ်ကြီးကြောင့် သွေးဘဝမှာ မိသားစုရင်းချာ ဆိတ်သုဉ်းသွားခဲ့သလို သံစဉ့်ခမျာမှာတော့ နေ့ချင်းညချင်းကို ဘဝပျက်သွားရရှာပါတယ်။

ဆူးတွယ်ရစ်တဲ့ ချစ်တေးငှက်ငယ်Where stories live. Discover now