Part 4

1.5K 56 1
                                    

Unicode

သွေး: ငါ ထပ်ပြီး ရှည်ရှည်ဝေးဝေး မပြောနေတော့ဘူး။ မင်း ရွေး တေးသံစဉ်..။ ဆုမွန်ချိုနဲ့ ဒီလို စတိုခန်းသာသာမှာပဲ နေမလား? ငါနဲ့ လိုက်ခဲ့မလား?

သံစဉ်: သမီး..သမီး...

သံစဉ်တစ်ယောက် ငိုမဲ့မဲ့နဲ့ မမနှစ်ယောက်ကြား ဝေခွဲမရဖြစ်ရပြီပေါ့။ သူမ ကြောက်နေမှာစိုးလို့ဆိုပြီး လာအိပ်ပေးတဲ့အပြင် ပုံပြင်ပြောရင်း ချော့ပါသိပ်ပေးတဲ့ မမ ဆုမွန်ကို မခွဲခွါချင်ခဲ့။ အဲလိုဆိုပြီးလည်း သူမဘေးမှာ အမြဲ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ မမ ဆူးသွေးခက်ကို ပစ်ပစ်ခါခါ မလုပ်ရက်။

အဲလိုနဲ့ မမ နှစ်ယောက်ရဲ့ မျက်နှာတွေကိုလည်း သံစဉ် အကဲခတ်မိတယ်။ ခက်ထန်လွန်းလှတဲ့ မမ သွေးရဲ့ မျက်နှာမှာရော၊ ဝမ်းနည်းအားလျော့နေတဲ့ မမ ဆုမွန်ရဲ့ မျက်နှာရောမှာ တူညီတာ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ အကြောက်တရား..။ သံစဉ်က သူမတို့ကို မရွေးချယ်လိုက်မှာကိုစိုးတဲ့ အကြောက်တရားပင်..။

အချိန်ခဏလေးအတွင်းမှာပဲ သံစဉ် အထပ်ထပ် တွေးနေမိလိုက်ပါတယ်။ နောက်ဆုံးမှာတော့ သံစဉ်ဟာ ဆုမွန်ဘက် လှည့်ကြည့်လိုက်ပြီး

သံစဉ်: မမ..မမလည်း တစ်နေ့လုံး အိမ်မှာ ဝိုင်းကူပေးနေရတာဆိုတော့ ပင်ပန်းနေမှာပဲ။ အဲဒါကြောင့် ဒီအခန်းမှာ လွတ်လွတ်လပ်လပ် သက်သောင့်သက်သာပဲ နားလိုက်ပါတော့နော်။

ဆုမွန်: တေး..ညီမလေး..

သံစဉ်: လာ..သွားရအောင် အစ်မ။ သမီး အိပ်ချင်ပြီ

ဒီလိုနဲ့ သံစဉ်ကပဲ သွေးလက်ကိုဆွဲပြီး အခန်းထဲကနေ ထွက်သွားလိုက်တော့တယ်။ သံစဉ်ဟာ ကလေးဆိုပေမဲ့ အရိပ်အခြည် နားလည်သူလေးပါ။ အိမ်ရှင်သူဌေးရဲ့ မြေးကို ငြိုငြင်စေခဲ့ရင် အလုပ်သမားရဲ့ သမီးဖြစ်တဲ့ မမ ဆုမွန်တစ်ယောက် ပညာပြခံရနိုင်တယ်လေ။ တစ်ဖက်မှာလည်း မမ ဆုမွန်လိုမျိုး မိဘတွေ မရှိတော့တဲ့ မမ သွေးကိုလည်း အဖော်ပြုပေးချင်ခဲ့ပါတယ်။

ဆူးတွယ်ရစ်တဲ့ ချစ်တေးငှက်ငယ်Where stories live. Discover now