Part 15

2K 53 4
                                    

Unicode

ဒီနေ့အတွက် lunch break ကတော့ သံစဉ့်အတွက် ထူးခြားခဲ့ပါတယ်။ ဟိုအရင် ခရီးသွားအေဂျင်စီမှာ  လုပ်တုန်းကရော အခု ဒရင်းဟိုတယ်ကို ရောက်လာတော့ရော နေ့လယ်စာ စားချိန်ဆိုတာနဲ့ သူငယ်ချင်း သီရိနဲ့ စကားပြောရင်း ဗိုက်ထဲ အစာဝင်ရင်ပြီးရောဆိုပြီး ကတိုက်ကရိုက်စား ပြီးသွားရသည်သာ..။ အခုတော့ရော?

အခုတော့ သူမ လက်ကလေးကို မြဲမြဲဆုပ်ကိုင်တွဲထားတဲ့ မ, နဲ့အတူ နေ့လယ်စာ အတူစားရမှာမို့ သံစဉ်တစ်ယောက် ရင်ခုန်မိတယ်။ သွေးခြေလှမ်းတွေက Mess Room ကိုရော ရုံးချုပ်အပြင်ကိုရော မဟုတ်ပဲ အပေါ်အထပ်မြင့် တစ်နေရာကို တက်သွားတာမို့ သံစဉ်လည်း မ, တစ်ယောက် ဘယ်များ သွားမလို့ပါလိမ့်လို့ တွေးမိတယ်။ သွေးက စကားလည်း သိပ်မပြောဘူးလေ။ တစ်ဖက်မှာလည်း လမ်းတစ်လျှောက် နှုတ်ဆက်တဲ့ ဝန်ထမ်းတွေ ရှိတဲ့ကြားက လက်တွဲမဖြုတ်တဲ့ မ, ကြောင့် သံစဉ့်စိတ်ထဲ ကျေနပ်မိတယ်။

ဒီလိုနဲ့ သွေး ခေါ်လာတဲ့ နေရာအရောက်မှာတော့

"အိုမိုး..မ, ..ဒီ..ဒီလို နေရာလေး ရှိတာလား?"

"ဘယ်လိုလဲ? မင်း သဘောကျရဲ့လား?"

"သဘောကျတာပေါ့လို့..။ ရှုခင်းက အရမ်းလှတာပဲနော်"

သံစဉ် ပြောလည်းပြောချင်စရာပင်။ သူမတို့ အခုရောက်ရှိနေတဲ့ နေရာဟာ ဟိုတယ်ရုံးချုပ်ရဲ့ ခေါင်မိုးထပ်နဲ့နီးတဲ့ အထပ်မြင့်နေရာလေးပါ။ အဲဒီ အထပ်ကမှ သွေးတို့ ရှိနေတဲ့ အခန်းကျယ်ကြီးဟာ မှန်တွေ အထပ်ထပ်နဲ့ ကာရံထားပြီး မှန်တွေကတစ်ဆင့် ရန်ကုန်မြို့ရဲ့ အလှကို အထပ်မြင့်ပေါ်ကနေ တဝကြီး ခံစားနိုင်တဲ့ အခန်းကြီးပါ။ စားပွဲ၊ ပန်းကန်ခွက်တွေနဲ့အတူ ကော်ဖီဖျော်စက်၊ microwave တို့လိုမျိုးလည်းရှိတာမို့ ထမင်းစားဟောခန်းကြီးလားလို့ ယူဆဖွယ်ရှိပါတယ်။ အဲဒါကြောင့်လည်း ထမင်းဝိုင်း လာချပေးတဲ့ ဝန်ထမ်းတစ်ချို့ ထွက်သွားပြီဆိုမှ သံစဉ်က

"ဒီထမင်းစားခန်းကြီးက အကျယ်ကြီးပဲနော် မ,။ ရုံးမှာ dinner လို ပွဲတွေ ဘာတွေလည်း လုပ်လို့ကောင်းမှာပဲ.."

ဆူးတွယ်ရစ်တဲ့ ချစ်တေးငှက်ငယ်Where stories live. Discover now