Part 17

1.4K 51 3
                                    

Unicode

သုံးပတ်ကျော်အကြာမှာတော့ သွေးနဲ့ သံစဉ်တို့နှစ်ဦး တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိခဲ့ပါပြီ။ ရောက်ရောက်ချင်း နေ့မှာပဲ သွေးက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တယ်။

သွေးက လက်ထောက် ထက်ထက်အပြင် သူမကိုပါ သွားလေရာနောက် ခေါ်သွားခဲ့တာမို့ သံစဉ်လည်း သွေးနဲ့ တွေ့သမျှ လုပ်ငန်းရှင်တိုင်းနဲ့ တွေ့ဆုံဖြစ်ခဲ့တယ်။ ဆွေးနွေးတဲ့ အကြောင်းအရာအဓိကကတော့ သံစဉ်ဟာ အဲဒီ လုပ်ငန်းရှင်တွေကို သူမ ဟိုတယ်မှာ ရှယ်ယာတွေ တိုးထည့်စေချင်တာပါ။ အပြန်အလှန်အားဖြင့် သူတို့ရဲ့ လုပ်ငန်းတွေထဲက အလားအလာရှိတဲ့ဘက်တွေမှာလည်း သူမက ပြန်လည် ရင်းနှီးမြှုပ်နှံမယ်လို့ ဆိုလာတယ်။ အဲဒါအပြင် သူမ ဟိုတယ်နဲ့ ဖက်စပ်လုပ်လို့ရမယ့် spa လို ကြေးရတတ် စားသောက်ဆိုင်လိုမျိုးတွေလည်း တွဲလုပ်ကြမယ်ပေါ့။

အဲဒီကနေ သံစဉ်တစ်ယောက် မိဘအရွယ် အဘိုးအဘွားအရွယ်လောက်ရှိတဲ့ လုပ်ငန်းရှင်ကြီးတွေကို ယုံကြည်မှုအပြည့်နဲ့ ချက်ကျကျ ဆွေးနွေးညှိနှိုင်းနိုင်တဲ့ သွေးကိုကြည့်ရင်း လေးစားတဲ့စိတ်တို့ ယိုဖိတ်ခဲ့ရတယ်။ သွေးဟာ ပြောတတ်ဆိုတတ်ရုံတင်မကပဲ အတွေးအခေါ် စွမ်းရည်ပါ မြင့်မားပြီး ထက်မြက်တဲ့ CEO တစ်ယောက်မှန်းလည်း ပိုပိုသိလာရတယ်။ သွေးဟာ ဘာလုပ်လုပ် အနာဂတ်အတွက် ရည်ရွယ်ပြီး အကွက်ကျော်လည်း သိပ်မြင်တတ်တယ်။ အဲဒီအပြင် သွေးက သံစဉ့်ကိုလည်း ဒီအတိုင်း အကူတစ်ယောက်လိုပဲ မနေစေပဲ နောင်တစ်ချိန် သံစဉ် အထောက်အကူရအောင်ဆိုပြီး အဲဒီ လုပ်ငန်းရှင်တွေနဲ့ပါ သေချာလေး မိတ်ဆက်ပေးခဲ့တယ်။ အဲဒါနဲ့ပဲ သံစဉ်လည်း ချစ်ရတဲ့ မ, ကို တိုးရင်းတိုးရင်း ကြွေလာခဲ့ရတာပေါ့။

အဲလိုနဲ့ ကိုးရီးယား CEO တစ်ယောက်ရဲ့ ရုံးခန်းမှာ ဆွေးနွေးကြအပြီး အထွက်မှာတော့

သွေး: ဒီနေ့ တွေ့စရာ လုပ်စရာကတော့ ဒီလောက်ပဲ ထက်ထက်။ နင်လည်း ဟိုတယ်ပြန်ပြီး ငါတို့ သုံးယောက်စာ ဘိုကင်လုပ်ထားလိုက်။ ကားနဲ့ ဒရိုင်ဘာတော့ ငါ ယူထားမယ်

ထက်ထက်: ဒါဆို မတေးသံစဉ်ကရော boss?

သွေး: သံစဉ်က ငါ့အနားမှာပဲ နေမှာ။ ညကျမှပဲ ငါတို့ ဟိုတယ်ကို ပြန်လာလိုက်မယ်

ဆူးတွယ်ရစ်တဲ့ ချစ်တေးငှက်ငယ်Where stories live. Discover now