(Part.9)

688 45 5
                                    

လေဆိပ်၏မနက်ပိုင်းအချိန်။ body fit Outfit အညိုနှင့် coat ကိုခြုံထားသည့်သူမ။

လက်ထဲရှိ ဖုန်းနှင့် တတောက်တောက် စာရိုက်ရင်းတစ်စုံတစ်ယောက်နှင့်ဆက်သွယ်နေသည်။

မကြာပါ.....

" ယောက္ခမကြီး"

ရင်းနှီးသောအသံကြောင့် မော့ကြည့်လိုက်တော့ သူမထံလျှောက်လာနေသည့်ကောင်ငယ်လေးတစ်ဦး။

ပေါင်တို ဂျင်းနှင့် အပြာရောင်ဟူဒီအပွတို့က သူ၏ငယ်ရွယ်မှုကိုပန့်ပိုးပေးသည်။ ထိုနည်းတူ အနီရောင်ဆံသားတို့နှင့် မျက်နှာပေါက်အချိုးစားကတိုင်းတစ်ပါးသားဖြစ်၏။ သို့သော် အရပ်လေးကတော့ရင်ခွင်မှီလေးသာဖြစ်သည်။

"flight ဆိုက်တာမြန်သားပဲ Vroch (ဗရုချီ)"

" ဒါပေါ့ Mrs.Kim ....သားနဲ့သဘောတူပေးတော့မယ်ဆိုတော့ အပြေးလာခဲ့ရတာပေါ့။"

တက်လာတဲ့နေကာမျက်မှန်ကိုနွဲ့နှောင်းစွာ ချွတ်ပြီး ကိုရီးယားလေသံဝဲဝဲနှင့်ဖြေလိုက်သည်။

Vroch ဆိုသည်က Greek နိုင်ငံသား။ တစ်နည်းTaehyungရဲ့အချစ်ဦးဆိုလည်းမမှားပေ။

နောက်ကြောင်းကိုပြန်ဖော်ရလျှင်ဖြင့် Mr.Kim သက်ရှိထင်ရှားရှိစဥ်က Greek မှာ ပြတိုက်လုပ်ငန်းထူထောင်ဖူးသည်။

ထို၌ Vroch ၏မိဘများက ပြတိုက်ရဲ့ဝန်ထမ်းများဖြစ်၍ ဆယ်ကျော်သက်အရွယ် Taehyung နှင့် Vroch တို့စတွေ့ကြသည်။

ဒီတော့မှတဖြည်းဖြည်းချစ်ကြလာခဲ့ရာ Mr.Kim သေဆုံးမှုကြောင့် ကိုရီးယားကို ပြန်လာခဲ့တဲ့အတွက် ဝေးကွာခဲ့ရသည်။

ထပ်ပြီး အဆက်အသွယ်ရပေမယ့်လည်း Mrs.Kimက သဘောမတူပဲ အဆက်အသွယ်ဖြတ်ခိုင်းသည်ကြောင့်Taehyung ဘက်ကအရင်ဖြတ်ခဲ့ရခြင်းဖြစ်၏။

ယခုအခါမှာတော့ Mrs.Kim ကသူ့သဘောနှင့်သူ Vroch ကိုခေါ်ပြီး Taehyungနှင့် ရုတ်တရက် သဘောတူလေသည်။

ဒါဟာ သူ၏အကြံများစွာထဲမှ တစ်ခုဖြစ်ပေသည်။

ယခုအချိန်ကိုပြန်ဆက်ရမည်ဆိုပါက.....

" ဆိုတော့ Darling ကဘယ်မှာလဲ ယောက္ခမကြီး"

" အေးဆေးပေါ့။ မင်းလုပ်ရမှာတွေရှိသေးတာမလို့ အခုမင်းငါနဲ့သာလိုက်ခဲ့။"

 The Semes (completed) Where stories live. Discover now