(Part.19)

550 44 4
                                    

ကွန်ဒိုရဲ့ကားပါကင်၌ ကားကိုတရကြမ်းပါကင်ထိုးသည်ကြောင့် ဘေးနားရှိကားတို့မှာ မှန်ကွဲသည့်ကားကကွဲ၊ ပွန်းပဲ့သွားသည့်ကားကပွန်းပဲ့နှင့် ပါကင်တစ်ခုလုံးကားအချက်ပေးသံများနှင့်ဆူညံနေတော့သည်။

ဂရုမစိုက်စွာ 16လွှာကိုတက်သွားတော့ ကိုယ်ပိုင်သောကွန်ဒိုအခန်းကိုရောက်သည်။

တံခါးဖွင့်ကြည့်တော့ သူကမရှိ။ ခြေရာလက်ရာမယွင်းတဲ့ပစ္စည်းများကြောင့် အိမ်မှာမဟုတ်ဘူးဆိုတာသိလိုက်ရသည်။

" တောက်စ်! "

ကျယ်လောင်စွာထွက်ပေါ်လာသည့်တောက်ခေါက်သံကျယ်ကျယ်နှင့်အတူ။ တံခါးကို ဒုန်းကနည်းပိတ်ကာပြန်ထွက်လာလိုက်၏။

သူဘယ်တွေများသွားနေသနည်း။ ဧကံန တစ်ယောက်သောသူနှင့်အတူရှိနေမလား။

အတွေးတို့အား ဖြန့်လိုက်ရင်း ကားကို သူသွားတတ်သည့် Bar တွေရှိရာ လမ်းဘက်ကွေ့လိုက်သည်။

ထိုအချိန်မှာပဲ။ ကား၌ပါသော tablet ၌ message ဝင်လာသည်။

ကြည့်လိုက်တော့Jungkookစီကဖြစ်တာမို့ ချက်ခြင်းပင်ဖတ်လိုက်၏။

ပို့ထားသည်က" မြို့ပြင် တောလမ်းကိုလာခဲ့" ဟူ၍ဖြစ်သည်။

ဒီအတွက်။ Main လမ်းမကြီးကနေတစ်ဆင့်မြို့ပြင်တောလမ်းသို့ဦးတည်လိုက်တော့သည်။

ဤသို့ဖြင့်။ လူအရောက်အပေါက်နည်းသော မြို့ပြင်တောလမ်းသို့ရောက်ချိန်။

ခပ်လှမ်းလှမ်းကမြင်နေရသည်မှာ ဆိုင်ကယ်ကိုမှီပြီးရပ်နေတဲ့Jungkook။

အရှေ့ကိုကားထိုးရပ်လိုက်သည့်​သော်။

ခွမ်းးး*!!!

ကားရှေ့မှန်ကို ဆိုင်ကယ်ဦးထုပ်နှင့်ရိုက်ခွဲလိုက်တဲ့Jungkook။ Taehyungမှာတော့ ရုတ်တရက်ပေမို့ ဖန်ကွဲစတွေမျက်နှာလာမစင်စေရန်သာကားထားသည်။

အံ့ဩခြင်းနှင့်ဒေါရောထွေးလျက်။ ကားပေါ်ကနေ အမြန်ဆင်းပြီး Jungkookရဲ့အင်္ကျီကော် လံကနေဆွဲကာထိုးတော့သည်။

ခွပ်* ...ခွပ်*

" အရှုပ်အပွေကောင်"

ခွပ်*

 The Semes (completed) Where stories live. Discover now