မြေကွပ်ရောင်းဝယ်ရေးစီသွားတဲ့Jungkook ကခြံဝယ်ချင်ပေမယ့် အိမ်နှင့်လုံးချင်းတွေပဲအရန်သင့်ရှိနေတာမို့ မလွှဲမရှောင်သာဝယ်လိုက်သည်။
ဆံပင်စုတ်ဖွားနှင့်စီးပွားရှင်Jungkookက နေ့ချင်းပင်လက်မှတ်ထိုးဝယ်ယူပြီးနောက်။
" Namjoon"
" အေး ဘာအလိုရှိပြန်ပြီတုန်း"
" အမေတို့ကိုပြောပေး။ ငါဒီမှာပဲနေတော့မယ်လို့။"
" ဘာကွ မင်းကမိဘနဲ့ခွဲနေတော့မယ်ပေါ့လေ။"
" အင်း။ လောလောဆယ်တော့ ငါတစ်ယောက်တည်းနေချင်သေးလို့။ ထပ်ပြီး သူနဲ့မတွေ့ချင်တာလည်းပါတယ်။"
" ဟုတ်မှလည်းလုပ်ပါကွာ"
" ဟုတ်တယ်။ အဲ့ဒါကြောင့် ညနေအမေတို့စီသွားပြောပေး။"
" အေးပါကွာ။ ဒါဆိုလည်းအခုမင်းကပြန်မလိုက်တော့ဘူးပေါ့။"
Namjoonက အသစ်စက်စက် အဝါရောင်ပက်ကားတိုက်လေးကိုမေးငေါ့ပြီးပြောသည်။
" မလိုက်တော့ဘူး။ ဒီမှာအိမ်ထောင်ပရိဘောဂအစုံပါတော့ ဒီအတိုင်းနေလိုက်ယုံပဲ။ နောက်တော့မှ အိမ်ကငါ့အဝတ်စားတွေ နဲ့ဆိုင်ကယ်ကိုလာပို့ပေးပေါ့။"
" မင်စိတ်ချမ်းသာရင်ပြီးရောပါ။ ဒါဆိုငါသွားလိုက်ဦးမယ်။"
" အင်း Yoongiကိုလည်းပြောပြထားလိုက်ဦး။"
" ဟုတ်ပြီငါ့ကောင်"
Jungkook ပုခုံးကိုပုတ်ပြီး ပါးချိုင့်တွေပေါ်တဲ့အထိပြုံးပြနှုတ်ဆက်သွားသူNamjoon။ Jungkookကတော့ Namjoonရဲ့ကားအမြင်ကနေပျောက်သွားသည်အထိကြည့်နေပြီးမှ အသစ်စက်စက်အိမ်လေးအတွင်းသို့ဝင်သွားသည်။
ထို့နောက်။ လိုအပ်သည့်ပစ္စည်းများအားဖုန်းဆက်မှာယူပြီး အခန်းထဲသို့ဝင်အိပ်နေလိုက်၏။
ပစ္စည်းတွေလာချပေးသွားသည်အထိJungkookမနိုးသေး။ မနက်ပိုင်းလင့်လင့်ကနေအိပ်နေခြင်းမှာ ညနေ 3နာရီစွန်းစွန်းပင်ရောက်လို့နေချေပြီ။
မျက်နှာသစ်ပြီးအခန်းပြင်ထွက်လိုက်တော့။ ဧည့်ခန်းကမှန်စားပွဲအပုလေးပေါ်ပန်းအိုးနှင့်ဖိတင်ထားသောစာရွက်ဖြတ်ပိုင်းတစ်ခု။
YOU ARE READING
The Semes (completed)
Fanfictionအရင် old acc ကဟာလေးပြန်တင်တာပါ🤧 အရင်ကအပြီးထိမတင်လိုက်ရလို့