(Part.10)

529 41 3
                                    

Jungkookတစ်​ယောက် တစ်နေကုန်ဆိုင်ကယ်တစ်စီးနဲ့မြို့ပတ်ပြီး သူရဲ့ဇယားဟောင်းတွေကိုရှင်းခဲ့သည်။

ပါးရိုက်တဲ့သူကပါးရိုက်၊ အဖေတွေအကိုတွေ တိုင်တဲ့သူကတိုင်မလို့ ပြေးခဲ့ရတာတွေလဲရှိ၏။

ဒါလည်းမမှုပါလေ။ အဘယ်ကြောင့်ဆို အနာမခံအသာမစံ ပေမို့ ဒီလိုသာမလုပ်ရင် သူ့Babeလေးက အရှုပ်ကောင်ဆိုပြီး ပြောပေဦးမယ်မလား။

ဤသို့ဖြင့် ဆိုင်ကယ်ဆီထည့်ရန် ဆိုင်တစ်ဆိုင်မှာရပ်လိုက်သည်။

ထို့နောက် ဝန်ထမ်းချောချောလေးများက ဆိုက်ကယ်ဆီလာဖြည့်ပေးသော်လည်း ပါးစပ်ဖျား၌ Babe ဟူသောနာမ်စားကိုတဖွဖွရွတ်နေရသည်။

မဟုတ်ပါက အကျင့်အတိုင်းထိုအလှလေးများရဲ့ ဆွဲဆောင်မှုနှင့်အတူ ဇယားခင်းနိုင်ချေရှိသည်။

" ဝမ်59000ကျပါတယ် Mr."

" ကောင်းပြီ"

Jungkook သူ့ရဲ့ဂျာကင်အင်္ကျီအိတ်ထဲရှိ black card ကိုထုတ်ပေးလိုက်သည်။ သို့သော်ဝန်ထမ်းမိန်းကလေးက Jungkookရဲ့ လက်ကို တမင်ကိုင်မိအောင်ရည်ရွယ်ချက်ရှိရှိပွတ်သပ်ကာယူ၏။

ထို့ကြောင့် နှုတ်ခမ်းတွန့်ယုံမျှပြုံးပြီးသာ မသိဟန်ဆောင်နေလိုက်သည်။

ယခင်Jungkook နေရာသာဆို ပစ်ရောလိုက်မှာမှန်ပေမယ့် ယခုJungkookမှာတော့ မနက် Babe၊ ညBabeဖြင့် သူ့ဦးနှောက်နှင့် နှလုံးသားထဲမှာ Babe Taehyung သာလျှင်နေရာယူထားသည်။

ဘေရှင်းပြီးနောက် အမောပြေလေးရှိရာ Babe ရဲ့ ကုမ္ပဏီသို့ဦးတည်လိုက်သည်။ ကိုယ်ရောက်လာလို့သူပျော်သွားမယ့်မျက်နှာလေးကိုမြင်ယောင်မိသည်။

____

" ကလေး ပျင်းနေရင်ပြောနော် ကိုယ်အလုပ်တွေဖျက်လိုက်မယ်"

အလုပ်လုပ်နေရာမှ ဆိုဖာပေါ်တွင်ဖုန်းသုံးနေသည့် Vrochí ထံလှမ်းပြောသည်။

" မပျင်းပါဘူး Darling ရယ်။ ဒါပေမယ့် ကလေးအနားလာနေရင်တော့ကောင်းတာပေါ့လို့။"

" ဟုတ်ပြီဗျာ ဒါဆိုဆိုကိုယ်လာခဲ့မယ်"

Vrochí ရဲ့အပြောကြောင့် အလုပ်တွေကိုပစ်ပြီးချက်ခြင်းပင် ဘေးတွင်သွားထိုင်လိုက်သည့်Taehyung။

 The Semes (completed) Where stories live. Discover now