ခြေလမ်းတို့သည်ပေါ့ပါးလျက်။ ဝဲကျနေသောဆံစအချို့ကို နားကြားသပ်ကာ သူရှိရာသွားသည်။
ချာတိတ်မုန်းနေတဲ့ ကိုယ့်မျက်နှာကိုတွေ့လျှင်မည်သို့ဖြစ်မည်နည်း။ ချာတိတ်ကိုအပိုင်ရဖို့ကြိုးစားနေသည်ကိုသိပါက မည်သို့တုန့်ပြန်မည်နည်း။
ထိုကဲ့အတွေးများစွာနှင့်လျှောက်လှမ်းလာပြီးသော်။ ပင့်သက်ကိုရှိုက်ရှူလိုက်၍။
" ချာတိတ်"
အရဲတင်းခေါ်ဆိုမှုကြောင့် ချာတိတ်ရဲ့ အပြုံးတွေရပ်တန့်သွားပြီး လှည့်ကြည့်သည်။ နောက်တော့ ။ ဆွဲမက်ဖွယ်နှုတ်ခမ်းသားက ခဲ့မဲ့မဲ့ပြုံး၏။
" ဘယ်သူများလဲလို့ ယောက္ခမလောင်းဖြစ်နေတာပဲ"
Jungkook ရဲ့အပြောကြောင့် Namjoon မျက်လုံးတွေပြူးထွက်သွားရသည်။
အဘယ်ကြောင့်ဆို။ Jungkook ၏ယောက္ခမက ခုနကကော်ဖီမှာသွားတဲ့ အမျိုးသမီးဖြစ်နေသည်ကိုး။
" မ နဲ့စကားခဏပြောလို့ရမလား ချာတိတ်"
" ဘာကိစ္စလဲ"
" ဒီအတိုင်း မိတ်ဖြစ်ဆွေဖြစ်ပေါ့။"
"ကောင်းပြီလေ။ ခင်ဗျားကြိုက်ရာခုံမှာအရင်ထိုင်နှင့်လိုက်။"
" မ စောင့်နေမယ်ချာတိတ်"
အပြုံးနုနုခြွေရင်း စားပွဲဝိုင်းရှိရာထွက်သွားသူ Mrs.Kim။ Jungkook လိုက်သွားဖို့လုပ်ပေမယ့် Namjoon ကလှမ်းဆွဲထားလိုက်သည်။
" Jungkook ခဏနေဦး "
" ဘာလဲ"
" မင်းနဲ့ ယောက္ခမလောင်းနဲ့က ဘာတွေလဲဟိတ်ကောင်"
" တစ်ဖက်သက်ဇယားကြီးပါကွာ။ အခုတော့ သွားလိုက်ဦးမယ်။"
"အေး သွားလိုက်ဦး။ ဒီဇယားကြီးက မင်းအတွက် ဒိန်းဂျားပဲ။"
" တော်စမ်းပါကွာ"
မဲ့ရှုံ့ရင်းပြောတဲ့ Namjoon ကိုထားခဲ့ပြီး Mrs.Kim ရှိရာဝိုင်းကိုသွားသည်။ ထို့နောက်။ ထိုင်ခုံကိုဆွဲပြီး ခြေချိတ်ထိုင်လိုက်၏။
" Reason? "
" အရင်ဆုံး ကော်ဖီလေးမှာလိုက်ပါဦးလား"
YOU ARE READING
The Semes (completed)
Fanfictionအရင် old acc ကဟာလေးပြန်တင်တာပါ🤧 အရင်ကအပြီးထိမတင်လိုက်ရလို့