Yeonseok အိမ်အတွင်းသို့ဝင်သွားကာ အခန်းတွေကိုလိုက်စစ်သည်။ သူများအိမ်ဆိုတာလည်း နားမလည်တော့။မနေ့ကတည်းက ရုတ်တရက်ကြီးပျောက်သွားတဲ့ Vrochí ကိုသာမသိစိတ်ကစိတ်ပူနေမိသည်။
ဒီလိုနှင့်။ လှေကားဘေးဘက်ရှိ အခန်းထဲဝင်လိုက်ချိန်မှာတော့။
" Vrochí ~"
အခုထိသတိမရသေးတဲ့ Vrochí ကအိပ်ယာထက်မှာလဲနေသည်။ တစ်ပါးသူအင်္ကျီဖြစ်ဟန်တူတဲ့ ခပ်ပွပွအင်္ကျီကြောင့် တစ်ဖက်လျှောကျကာ ပေါ်နေတဲ့ပုခုံးတစ်ဖက်တွင် ကိုက်ရာကြီးကအထင်းသားရှိနေ၏။
ဘေးနားသို့အမြန်သွားပြီး လှုပ်နှိုးလိုက်သော်။
" ဟိတ်...ဟိတ်ထဦး"
"........."
နိုးမလာသေးတဲ့ Vrochí က Yeonseok ရဲ့လက်ထဲကို ပျော့ဖက်ပြီးပါလာသည်။
နဖူးကိုစမ်းကြည့်လိုက်တော့လည်းသာမန်အပူချိန်ပေမို့မစိုးရိမ်ရ။ စိုးရိမ်မှုက နိုးမလာခြင်းသာဖြစ်သည်။
ထို့ကြောင့်။ အမြန်ပြန်မယ်ဟုဆုံးဖြတ်၍ ပွေ့ချီလိုက်ရာ အခန်းဝတွင်ရှိသေး လက်ထဲက Vrochí ကလူးလွန့်လာသည်။
" ဟင်~ ခြေငေ််သ့ကောင်"
" အိမ်ပြန်ကြမယ်"
အားနည်းနေဟန်ရှိသော စကားသံကြောင့် အလိုလိုကြိတ်ထားမိသည့်အံကြောင့် အကြောတို့ပါထောင်လာသည်။
အေးစက်စက်အပြောကြောင့် Vrochí ထပ်မမေးတော့ပဲ Yeonseok ကိုမှီပြီးလိုက်လာတော့၏။
အဘယ်ကြောင့်ဆို သူအမှတ်တကယ်ပင်ပန်းနေပြီဖြစ်သည်။
Yeonseok တို့ထွက်လာတော့ Jungkookနှင့် အခြေအတင်ပြောနေသည့် Taehyungက တစ်ချက်သာကြည့်ကာ ခေါင်းငြိမ့်ပြပြီးပြန်ခိုင်းလိုက်သည်။
ထိုမှ Taehtungရဲ့ အင်္ကျီကော်လံစကို ဆွဲထားသည့် Jungkookက လွှတ်ပေးလိုက်သည်။
" ပြန်တော့"
ဆိုကာ အိမ်ထဲဝင်ရန်ပြင်နေသည့်လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်တော့ ဒေါသမျက်ဝန်းများနှင့်ကြည့်လာသည့်သူ။
" ငါမင်းကိုပဲရွေးချယ်မှာမလို့ အသစ်ကပြန်စရအောင် J"
" မင်းရွေးချယ်ချင်တိုင်းရွေးချယ်ရအောင် ငါကဈေးတန်းမှာရှိတဲ့အရုပ်တစ်ရုပ်မဟုတ်ဘူး Kim Taehyung။ "
KAMU SEDANG MEMBACA
The Semes (completed)
Fiksi Penggemarအရင် old acc ကဟာလေးပြန်တင်တာပါ🤧 အရင်ကအပြီးထိမတင်လိုက်ရလို့