-မုန်းပါရ‌‌စေ-

2K 115 18
                                    

-မုန်းပါရ‌‌စေ-  1




--------




-

-



မယ်စန္ဒာသည် သူ့တာဝန်အားပြီးမြောက်အောင် ဆောင်ရွက်ပြီးပြီမို့ အမောင်သူရိန်ကြီးက တဖန်ထွက်ပေါ်လာရပြန်သည်။

အဖော်မွန်ဖြစ်သည့် အစ်ကိုလေညင်းက နှစ်ဦးစလုံးနှင့် တစ်ချိန်လုံးရှိနေပေးနိုင်ခဲ့သည်။

တရားမျှတတဲ့သဘာဝမောင်နှမများဖြစ်သည့်အတွက် အဆွေခင်ပွန်းကောင်းများပင်ဖြစ်၏။
.
အမောင်သူရိန်ပျော်မွေ့ရာရာသီသို့ရောက်တော့မည်မို့ အေးခဲသော တောင်ပေါ်ဒေသလေးဖြစ်သည့် လွီယဲ့‌မြို့ကလေးတွင် နွေးထွေး‌‌၍လန်းဆန်းစေမည့်နွေဦးရောင်ခြည်ကလေးများ ပြန်ကျဲနေကြသည်။

လှပတဲ့နွေဦးရာသီလေးကြောင့် ရိပေါ်ရဲ့ နံနက်ခင်းတိုင်းက နွေးထွေးလွန်းလှ၏။

Alarm clockမှ Alarmမြည်သံကြောင့် အလျင် အမြန်ထ၍  သန့်စင်ခန်းသို့ အပြေးဝင်လို့ ကိစ္စဝိစ္စတွေရှင်း၍ ရေချိုးခြင်းအလုပ်အားစတင်ရသည်။

ထို့နောက်..

မှန်ရှေ့မက်တပ်ရပ်ပြီး နက်ခ်တိုင်သေချာစည်းရင်း ရှပ်အပြည့်ဖြင့် ကေသာတင်မက လူတစ်ကိုယ်လုံးအား အနည်းငယ်ရွှိုင်းပြီး ဝန်ထမ်းကတ်အား မကျန်စေရ။

တိုက်ခန်းရှေ့က ရိုးရာစားသောက်ဆိုင်ကလေးတွင် ရိပေါ်သဘောကျသော ပေါက်စီပူပူနွေးနွေးတွေအပြင် အသား၊အရွက်အစုံ အစာသွပ်ထားသည့် ဖက်ထုတ်တို့ကိုပါ ရနိုင်သည်။

ထိုဆိုင်ပိုင်ရှင်အဘွားပေ၏မြေးမ‌လေးဝေဝေသည်  မှာယူထားသမျှအား နံနက်တိုင်းလိုလိုပင် အခန်းတံခါးဝပေါက်တွင် ချိတ်ထားလေ့ရှိသည်။
သူနေသောအခန်းတစ်ခုတည်းတွင်သာမဟုတ် တိုက်ခန်းရှိအခန်းတိုးလိုလို၏တံခါးများတွင်ရှိနေခြင်းပင်။

အဆင့်သင့်ပင်ယူ၍မနက်စာမြန်မြန်စား၍ အလုပ်သွားရန်ပြင်ရသည်။

ရိပေါ်သည် လွီယဲ့မြို့၏ တစ်ခုတည်းသာရှိသည့် GOLDEN Hotel တွင် ဧည့်ကြိုကောင်တာတွင် ထိုင်ရသော ဝန်ထမ်းဖြစ်သည်။

Black God 's Hubby [ COMPLETED ]Where stories live. Discover now