- Black God's Hubby - Final - (Zawgyi)
_
_
_
✨ Current time- ✨
-
နူးညံ့အိစက်တဲ့မွေ့ယာပေါ်ဝယ် တစ်ယောက်သူရဲ့ရင်ခွင်ကတော့ နွေးထွေးဆဲ....။
ထပ်ပြီး ရောက်လာပြန်ပြီ...။
မိန်းမတစ်ယောက်နဲ့ဖြစ်ချင်တိုင်းဖြစ်ပြီးမှ သူ့ဆီရောက်လာတဲ့လူကို ဘယ်လိုလုပ်သင့်လဲ...
" ရှောင်းကျန့် ....! ဖယ်စမ်းပါ.. "
" အိုင့်ရန် ကိုယ်အခုမှ ကောင်းကောင်းအိပ်ရတာ မင်းမရှိတဲ့အရင်ရက်တွေတုန်းက ကိုယ့်အတွက် ငရဲလိုပဲ... မင်းသိရဲ့လား "
ကလေးတစ်ယောက်ကို ချော့မြူနေသလိုမျိုးလေသံနဲ့ထိုလူသည် ရိပေါ်ခွင့်ပြုချက်မရဘဲ အိမ်ကို ဝင်လာပြီး အိပ်ရာပေါ်တက်လာ၏။
" ခင်များ အားမနာဘူးလား...."
" ဘာအတွက်လဲ ..."
" အဲ့နေ့ညက ကျွန်တော့်အမှားမဟုတ်တာလဲ ခင်များသိတယ်လေ... နောက်ပြီး... ခင်များ ..."
" အိုင့်ရန်အမှားမဟုတ်တာ ကိုယ်သိပေမဲ့ အဲ့ညက စိတ်တအားရှုပ်နေခဲ့လို့ပါ..."
" ဪ... စိတ်ရှုပ်လို့ အရက်သောက်ပြီး မိန်းမတစ်ယောက်ကို ဖျတ်ဆီးရက်တယ်ပေါ့..."
" အချစ် ဘာတွေပြောနေတာလဲ ..?"
" ဟား.. ခင်များက သိပ်ဟန်ဆောင်ကောင်းတာပဲ..."
ကလေးလေးရဲ့မျက်ဝန်းတွေသည် နောက်နေဟန်မတူ။
အကြည့်များသည် စူးရှလျက် ၊ လုပ်ရက်လေခြင်းဟူသော အကြည့်များဖြင့် လောင်ထေ့ထေ့ရယ်သံကြောင့် ရှောင်းကျန့် စိတ်ပိုရှုပ်သွားသည်။
ရှောင်းကျန့်ထင်သည်က ထိုညက သူ သေချာမရှင်းလင်းပေးသည်မို့ စိတ်ဆိုးသည်ဟုထင်ကာ လွှတ်ထားပေးမိခြင်းဖြစ်သည်။
ကလေးဆိုးလေးကို ရှာတွေ့ဖို့ သူ့အတွက် ခက်ခဲမနေပါ။
" ခင်များ..!! ကြည့် ကြည့် ဘယ်လိုတောင် ဖြစ်ပျက်နေလဲဆိုတာ..!! အဲ့မှာ ကြည့်လိုက် ..."