အတိတ်ခြေရာများမှရက်စွဲများ -5-

293 25 6
                                    

အတိတ်ခြေရာများမှရက်စွဲများ (5)




_







....

အချစ်.. အချစ်က သိပ်ဆန်းကြယ်တယ်။

လူတိုင်းက အချစ်ကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြတယ်။

ရိပေါ်အတွက် အချစ်က သိမ်းပိုက်ခံရခြင်းကနေ ဖြစ်တည်လာခြင်း။

တကယ်ပါ ကျွန်တော် ရှောင်းကျန့်ကို ချစ်သွားလိမ့်မယ်လို့ လုံးဝမတွေးဖူးဘူး။

ကျန့်ကော အမြဲပြောဖူးသည့်စကားကို ရိပေါ် နားမလည်ပါ။

ရိပေါ်ကို   သူ သိပ်ချစ်ပေမဲ့ Officialချမပြပေးနိုင်ပါတဲ့...။

ဘာလို့လဲ မေးတော့လဲ ထိုသူသည် မဖြေပါ...။

သူ ရှောင်းအိမ်တော်သို့ သွားကာ သူ့မိခင်ကြောင့်လား၊
သူ့ဖခင်ကြောင့်လားဟူ၍ ကြည့်ရပါမည်။

ဘာအကြောင်းကြောင့်များလဲ.....

ခင်များရဲ့ချစ်ခြင်း‌မေတ္တာကို  ကျွန်တော် ခံစားမိပေမဲ့ ကွယ်ရာမှာ ကြိတ်ချစ်နေရတာမျိုး‌ကိုတော့ ကျွန်တော် လက်မခံနိုင်ဘူး ကျန့်ကော....။

ဂိုထောင်ထဲက ပြိုင်ကားလှလှလေးတစ်စီးသည် ရိပေါ်မွေးနေ့‌တုန်းက ဝယ်ပေးထားခြင်းဖြစ်သည်။

တခါမှ အပြင်ထွက်လေ့မရှိပေမဲ့ ရှောင်းအိမ်တော်ရှိရာသို့ ခြေဆန့်လာခဲ့‌တော့သည်။

အပြင်ရောက်တုန်း‌ေရာက်ခိုက် လေကောင်းလေသန့်ရှူရန် တံတားဘေးတွင် ခနရပ်ကာ အနားယူလိုက်သည်။ 

Douyinတစ်ပုဒ်ရိုက်ပြီး တင်လိုက်သေးတယ်။

လုံလောက်သည့်အနားယူမှုရမှသာ ကားမောင်းထွက်လာခဲ့လိုက်သည်။

Company တွင် Meeting တစ်ခုကျင်းပနေ‌သည်မို့ ရှောင်းကျန့်မသိလိုက်ပါ ။

လုပ်ငန်းပါတနာများနှင့်နီးနီးကပ်ကပ်နေရသည်မို့ တခါတလေ အလုပ်မှာသာ အိပ်လိုက်ရသည့်ရက်များ မနည်းမနှော...။

အိမ်ပြန်သည့်ရက်က တော်တော်ရှားတယ်..။

ရှောင်းအိမ်တော်သို့ စိတ်ကြိုက်ဝင်ကာ အိမ်တော်တွင်းလှည့်ကြည့်နေသည့် ကောင်လေးကြောင့် အကုန်လုံးမှာ ဘယ်သူဘယ်ဝါမှန်းမသိ၍ မဆွဲထုတ်ရဲကြပေ...။

Black God 's Hubby [ COMPLETED ]Where stories live. Discover now