အတိတ်ခြေရာများမှရက်စွဲများ - 1 -

333 11 0
                                    

အတိတ်ခြေရာများမှရက်စွဲများ (၁)

_

__

ကြီးမားသည့် ဆေးရုံကြီးအတွင်း ခွဲစိတ်ခန်းတစ်ခု၏ အပြင်ဘက်တွင် ကောင်လေးတစ်ယောက်သည် တိတ်ဆတ်တ်ငိုကြွေးနေ၍ ဘုရားသခင်အား တဖွဖွဆုတောင်းနေ၏။

ထိုကောင်လေးသည် ခွဲစိတ်ခန်းရှေ့တွင် ထိုင်နေသည်မှာ ၃နာရီခန့်ရှိပြီဖြစ်သည်။

ဆွေမျိုးဟူ၍ တစ်ယောက်မှ မရှိခဲ့။

ထိုကောင်လေးသည် ဝမ်ရိပေါ်ပင်ဖြစ်သည်။

၅နာရီခန့်ကြာသောအခါ ခွဲစိတ်ခန်းတံခါးသည် ပွင့်လာ‌လေသည်။

" Dr. ကျွန်တော့်ပါး အခြေအနေ..!"

" ဒီက ညီ Dr.တို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်.. အသက်ကိုကယ်လိုက်နိုင်ပေမဲ့ လူနာကိုယ်တိုင်က အသက်အရွယ်လဲရနေပြီမို့ ဆေးရုံမှာ ၃လလောက်အထိ ဆေးကုသမှုခံယူရဦးမယ်.. နောက်ပြီး လူနာမှာနှလုံးရောဂါလဲရြှိပန်တာမို့ သေချာလေး ဂရုစိုက်ပေးဖို့လိုတယ်.."

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါက်တာ အသက်အန္တရာယ်ကင်းရင် ရပါပြီ ကျေးဇူးတင်ပါတယ်.."

ရိပေါ်တစ်ယောက် ဖခင် အသက်ရှင်သည်ဟူသောစကားကြားလိုက်ရရုံနှင့်ပင် ပျော်ရွှင်သွားရသည်။

ဆေးဖိုးဘာညာအတွက် ရိပေါ် ရှာကြံရပေဦးမည်။
အနည်းငယ် စိတ်နှောက်မိသော်လည်း ပါးအတွက်မို့ ရိပေါ်ဘာပဲလုပ်ရလုပ်ရ...။

များပြားလွန်းသည့်ဆေးရုံစရိတ်သည် ရိပေါ် ခန္ဓာကိုယ်အတွင်းကလီစာတို့ရောင်းထုတ်မှာသာလျှင်ကြေမည်ထင်သည်။

ဆေးဖိုးများသည်ဈေးကြီးလွန်းသည်သာမက အခန်းခနဲ့တင် ရိပေါ်တို့သားအဖ တည်ထောင်ခါစဖြစ်နေသည့် လုပ်ငန်းလေးအား ရောင်းထုတ်လိုက်ရသည့်အထိပင်။

ပါးကတော့ အခုထိ သတိမရသေးပေ။
ဒီလိုဆုံးဖြတ်ချက်ချရန် ရိပေါ် ဘက်ပေါင်းစုံမှတွက်ဆ၍ သေချာတွက်ဆပြီးမှသာ လွှတ်ချလိုက်ခြင်းပင်။

စိတ်မကောင်းပေမဲ့ ဘယ်လိုမှ မတက်နိုင်ပေ။

ကံမပါ၍ ဟုသာ ဖြေသိမ့်၍ ဆေးရုံရှေ့ရှိ Cafeဆိုင်လေးတွင် ကော်ဖီတစ်ဗူးဝယ်၍ ဆေးရုံတွင်းရှိပန်းခြံသေးသေးကလေးတွင် ထိုင်နေမိသည်။
ရှေ့လျှောက် ဘယ်လိုဆက်သွားရမလဲဟူ၍ အနာဂါတ်အကြောင်းအား တွေး၍ ရင်မောမိပါသည်။

Black God 's Hubby [ COMPLETED ]Tempat cerita menjadi hidup. Temukan sekarang