အတိတ်ခြေရာမှရက်စွဲများ (2)

914 100 25
                                    

အတိတ်ခြေရာမှရက်စွဲများ (2)


__


-

ရိပေါ်သည် BLACK WOLF CLUB တွင် နေရာကောင်းကောင်းရခဲ့ပါသည်။

ရုပ်ချောရုံတင်မက အလုပ်အကိုင်သေသပ်သည့်အပြင် ခပ်တည်တည်သာနေတက်သည်မို့ Club ထဲတွင် ရိပေါ်သည် နာမည်ကြီးသည်။

ရိပေါ်၏နှုတ်ခမ်းဖူးဖူးကလေးများသည် အလုပ်သဘောအရ အရောင်တင်ထားရသည်မို့ စိုရဲနေတက်သည်။
Eyes linerတွေပါ သုံးရသည်မို့ ဝမ်ရိပေါ်သည်အများထဲတွင် သိပ်လှပြီးဆွဲဆောင်မှုရှိသည့်သည့်အကောင်ပေါက်ကလေးကဲ့သို့။
မျက်နှာကလေးမှာ သေသေချာချာပြင်ဆင်စရာမလိုအောင် ဖွေးဥနေတက်၏။

Taddyကတောင် ချီးကြူးသည်အထိ ဝမ်ရိပေါ်သည် လူချစ်လူခင်လဲပေါပါသည်။

အရပ်အသင့်အတင့်ရှည်သည့်ပြီး ပုံမှန်အချိန်ဆို အကျီအပွများဝတ်တက်၍  ကိုယ်ချပ်စေသည့်ဝန်ထမ်းအကျီကြောင့် ချပ်ရပ်နေတက်သည်။

ရိပေါ်၏ခါးသိမ်သိမ်အားဆွဲပွေ့ချင်သူများမှာအများအပြား..၊

Black Wolf Club ရဲ့ ကတိအတိုင်းပင် ရိပေါ်အလုပ်လုပ်သမျှကာလတစ်လျှောက်လုံးအဆင်ပြေပြေပင်လုပ်ခဲ့ရသည်။

ဝန်ထမ်းတိုင်းနှင့်တည့်သည့် ဝမ်ရိပေါ်အတွက် နေရမကြပ်သည့်အပြင် လစာကောင်းရသည်မို့ ပါးရဲ့စရိတ်များ ပိုမိုထောက်မိလာသည့်အပြင်၊အတော်အသင့်အဆင်ပြေနေပြီဖြစ်သည်။

Customersမှာယူသည်များအား tableအလိုက် လိုက်ပို့ရခြင်းဖြစ်ပြီး သတ်မှတ်ထားသောစည်းအတွင်းမှ လျှောက်၍ ပို့ရသည့်အနေအထားဖြစ်သည်။

ပြဿနာတစ်စုံတစ်ရာတက်ခဲ့လျှင် စောင့်ကြည့်နေသော CCTVတွင် မှတ်တမ်းတင်ထားသည်က အမှန်ဖြစ်ပြီး တစ်ဖက် Customerသည် မည်မျှအာဏာကြီးပါစေ ဝန်ထမ်းဘက်မှ မမှားလျှင် တောင်းပန်ပေးရသည်။

C နိုင်ငံ၏ အာဏာသည် Cနိုင်ငံသမ္မတထံတွင်ရှိပြီး Black Wolf Clubတွင် Black Wolf၏ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်သည်။

ဒီနေ့ ရိပေါ် သိပ်နေ၍မကောင်း၊ ရင်ပြည့်သလို၊နေမထိထိုင်မသာဖြစ်နေသည်။

Black God 's Hubby [ COMPLETED ]Where stories live. Discover now