အတိတ်ခြေရာမှရက်စွဲများ -4-

284 25 2
                                    

အတိတ်ခြေရာမှရက်စွဲများ (4)




__




_____

ရိပေါ် တစ်‌နေ့တစ်ခြား ခံစားမိလာခဲ့တဲ့ ရှောင်းကျန့်ဆိုတဲ့လူက အရင်ကနဲ့မတူတော့ဘဲ တစ်ခါလာရင် တစ်ခါထူးခြားတဲ့အကျင့်စရိုက်တွေတွေ့ရသလို၊ နောက်တစ်ခါလာရင် နောက်ထပ်အကျင့်စရိုက်ရှိတဲ့လူလိုဖြစ်သွားတက်တယ်...။

သေချာတာတစ်ခုက ထိုလူက ရိပေါ်ကို အတင်းအကြပ်မဆက်ဆံဘဲ ရိပေါ်ကို အနည်းငယ်ဦးစားပေးလာတက်နေပြီ။

ရိပေါ်ကတော့ အချိန်ရှိသရွေ့ငြင်းနေပေမဲ့ နောက်ဆုံးတော့လည်း ဒီဘူတာပဲပြန်စိုက်တာပါပဲ...။

နွေးထွေးလာသလိုခံစားရတဲ့အခါ ရိပေါ်နှလုံးသားကလေးက အငြိမ်မနေတော့ပြီ။တဖြည်းဖြည်းရင်းနှီးလာတဲ့ဆက်ဆံရေးတွေက အနက်ရောင်အဆင့်ကနေ တစ်ဖြည်းဖြည်း မိုးသားကင်းစင်သည့်ကောင်းကင်လို ကြည်လင်တောက်ပလာသည်။

ရိပေါ်အတွက် တွယ်တာစရာပါးပြီးရင် ဒုတိယလူက ရှောင်းကျန့်ဆိုတဲ့လူကြီး ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။

အချိန်ရရင်ရသလိုစာပို့တက်တဲ့လူကြီးရဲ့အမူအကျင့်ကြောင့်လား..၊

အမြဲနွေးနွေးထွေးထွေးနေဖို့ သတိပေးတက်တဲ့လူကြောင့်လား

တစ်ခါတစ်လေ ညစ်ညမ်းတဲ့စကားတွေပြောပြီး အသားယူတက်တဲ့လူညစ်ပတ်ကြီးကြောင့်လား..

မပြောတက်တော့ပါ..။

သေချာသည်က ရှောင်းကျန့်သည် အနေကြာလာလေ သူ့အပေါ်ဂရုစိုက်ပေးလေဖြစ်တာမို့.. ရိပေါ်ရဲ့ တစ်ခါမှ မယိမ်းယိုင်ဖူးသည့်နှလုံးသားလေးသည် ရှောင်းကျန့်ဆိုတဲ့ လူသားအပေါ် တိမ်းညွှတ်ချင်နေပါသတဲ့...။

" အိုင့်ရန်.. ကိုယ်တို့ အပြင်လျှောက်လည်ကြမလား.."

" ဘာအရူးစိတ်ပေါက်နေတာလဲ.."

ဝမ်ရိပေါ်ဆိုသည့်လူသားကလေးက အဲ့လို... စေတနာပျက်တက်အောင်ပြောပြီး ပြီးရင် ဂရုစိုက်ခံချင်တာလဲ နှစ်ယောက်မရှိ။

စကားမပြောမိရင် ခင်များနဲ့ကျွန်တော်သိလို့လားဆိုပြီး ကလန်ကဆန်လုပ်တက်ပါသေးသည်။

Black God 's Hubby [ COMPLETED ]Where stories live. Discover now