အတိတ်ခြေရာမှရက်စွဲများ - 3 -

1K 131 49
                                    




___________


အတိတ်ခြေရာမှရက်စွဲများ -3-


_


______

သူတို့ကားရပ်ပြီးသည်နှင့် ကားတံခါးဖွင့်ဖွင့်ချင်း အိမ်တော်တစ်ခုနှင်တူသည့်နေရာအား ရောက်လာခဲ့သည်။
အတော်ခမ်းနားသည်ကိုတော့ ဝန်ခံပါသည်။
တော်ဝန်နန်းတော်ကြီးဆိုတာ ဘာမှန်းမသိပေမဲ့ ဒီလိုနေရာကို တော်ဝန်နန်းတော်ဟုခေါ်သည်ဖြစ်ရမည်ဟုထင်ရသည်အထိ။

ကျွန်းရောင်တောက်ပသည့်အခန်းတွင်းတွင် ရိပေါ်တို့ ခနမျှထိုင်စောင့်နေရသေးသည်။

နောက်တော့ Taddyပြန်လာပြီမို့ သူတို့ စုစုပေါင်း 8ယောက်သည် လှေကားထစ်များအား တစ်ထစ်ပြီးတစ်ထစ်ကျော်ဖြတ်ပြီး တက်လာခဲ့ကြသည်။

အခန်းထဲရောက်တော့ စစ်ဆေးခံရသည်။
System ဝိုင်းတစ်ခုတွင်3sမျှ ရပ်ရပြီးအစိမ်း‌ရောင်မီးလင်းလာမှ ပေးသွားပြီး သူ့နည်းတူ တခြားသူများသည်လည်း အစစ်ဆေးခံရသည်။

အတွင်းပိုင်းရောက်သည်နှင့်  Taddy က အဆင့်လိုက်နေရာချပေးသည်။

ရိပေါ်သည် 1991ထုတ် ဝိုင်တန်းတွင်နေရာယူရပြီး မှာယူသည့်အမျိုးအစားများကို ဖန်စီခွက်ထဲသို့ အသင့်အတင့်ထည့်ပြီး လိုက်ချပေးရင်ဖြစ်သည်။

Tableများသည်လည်း အစဉ်လိုက်ဖြစ်ပြီး ရှင်းလင်းသည့် map watchသည်လက်တွင်ရှိသည်မို့ ရိပေါ်သွားလိုသည့် Tableအား လမ်းညွှန်ပေးထားသည်။
ထို့ကြောင့် ရိပေါ်အတွက် အခက်အခဲမရှိ ‌အေးအေးဆေးဆေးပင်။

Taddyအပါအဝင် ကျန်အစ်ကိုတွေရော ရိပေါ်ပါ နားက နားကြပ်တပ်ထားရပြီး သီချင်းတစ်ပုဒ်တည်းကို ဖွင့်ပေးထားသည်။

သူတို့ပြောတာ မကြားရအောင်ဖြစ်လိမ့်မည်။

ရိပေါ်ကလဲ ဂရုစိုက်မနေသလို ကြားလဲ မကြားချင်မနေပါ။

ဝိုင်လိုအပ်သည့်အခါ ခါးတွင်ပတ်ထားသော ခါးပတ်ဆီမှ တုန်ခါမှုဖြစ်လာတက်သည်။
Bezzzကနဲ အသံကြောင့် ကြားဖြတ်ညွှန်ကြားချက်မှ Table:3( in 1991 ) ဟုဆိုလာသည်မို့ 1991ထုတ် ဝိုင်ပုလင်းယူ၍ ဖန်စီခွက်ထဲ အသင့်အတင့်အနေအထားထည့်ပြီး Table 3သို့သွားရသည်။

Black God 's Hubby [ COMPLETED ]Where stories live. Discover now