Unicode
"သားပြန်ရောက်ပါပြီ ပါပါးနဲ့မာမား!!"
ဂျောင်ဝူး ကားပေါ်က ပြေးဆင်းကာ အိမ်ပေါက်ဝ၌
ဖိနပ်ကြိုးဖြေရင်းအိမ်ထဲသို့ အကျယ်ကြီးလှမ်းအော်လိုက်သည်။"အယ် ဧည့်သည်ရောက်နေတာလား ?"
သူအိမ်ထဲဝင်ဝင်ချင်းမြင်လိုက်ရသည်က သူတို့၏
ထည်ဝါလှသည့် ဧည့်ခန်းထဲတွင် ပါးနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် အရပ်ရှည်ရှည်နှင့် လူကြီးပင်။
ထိုလူက သူ၏ခြေတံရှည်ရှည်ကြီးတွေကို ချိတ်လျက်ထိုင်နေသည်မှာ တင့်တယ်လှသည့် မင်းသားတစ်ပါးအလား။
ဂုတ်ထောက်နေသည့် ဆံပင်ကို အပေါ်သို့ သေသပ်စွာ
လှန်တင်ထားသည်မို့ နဖူးပြေပြေက ကြည့်ကောင်းလှစွာ။ရှပ်အင်္ကျီအဖြူရောင်ကို အပေါ်ကြယ်သီး သုံးလုံးလောက်ဖြုတ်ကာ အပေါ်မှ နီညိုရောင် ကုတ်ကိုဝတ်ထား၏။ပြောင်လက်နေတဲ့ Leather shoes က
ခြေတံရှည်ရှည်တို့ဖြင့် လိုက်ဖက်၏။
ကြည့်ရုံနှင့်ပင် အဆင့်အတန်းမြင့်မားမှန်းသိသာလှသည်။
ရုတ်တရက် ထိုလူက သူ့ကိုလှမ်းကြည့်ပြီးပြုံးပြလာသည့်အခါ သူဒူးတွေခွေယိုင်လုမတက်။
ဂျောင်ဝူး သူ၏မျက်မှန်အဝိုင်းလေးကို လက်ညိုးဖြင့် ပင့်တင်လိုက်ရင်း မနေတတ်စွာမျက်နှာလွဲမိလိုက်သည်။
ထို့နောက် စိတ်ထဲကနေ အကျယ်ကြီး အော်ပစ်လိုက်
ပါသည်။အဲ့လူကြီးက ပြုံးလိုက်ရင် အရမ်းကြည့်ကောင်းတာဘဲ !!!
"သားငယ် အဲ့လိုပြေးမလာနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ ချော်လဲရင် ဒုက္ခ"
"ဟုတ် နောက်ခါဆင်ခြင်ပါ့မယ် "
"Mr.travis ဒါက ကျွန်တော်သားပါ Park Jeong Woo တဲ့ flim major ပထမနှစ် သားငယ် နှုတ်ဆက်လိုက်အုံးလေ "
"တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ"
"ဓာတ်ပုံရိုက်ရတာဝါသနာပါတာလား ?"
ထိုလူကြီး၏ အက်ရှရှခပ်သြသြအသံက သူ့နားစည်တို့ကို ရိုက်ခတ်လာပါသည်။
သူထိုလူကြီးကို ပြန်ကြည့်လိုက်တော့ ခပ်စူးစူးအကြည့်တွေနှင့်ဆုံသည်။
သူ၏ ရင်ထဲ တစ်ဒုတ်ဒုတ်နှင့်ပင်။ကြောက်စရာကြီး ပြီးတော့ ဘာလို့ အဲ့လောက် ကြည့်ကောင်းနေရတာလဲ ?
YOU ARE READING
ကာနေရှင်းနီနီလေးတွေက တိုးတိုးလေးပြောသွားတယ်" အကိုက မင်းကိုတကယ်မချစ်ဘူးတဲ့"
Fanfictionအနီရောင် ကာနေးရှင်းလေးတွေရဲ့ အဓိပ္ပာယ်ကို သိလား အကို *မင်းကြောင့် ငါ့နှလုံးသားနာကျင်ရတယ်တဲ့ *