part 10

260 38 15
                                    

Unicode

ဟာရူတို ကောင်‌ငယ်လေး၏ အမေးကြောင့် သူခနတာ
တွေတွေကြီးဖြစ်သွားရ၏။
သို့ပေမဲ့ သူမျက်နှာကို ပြန်ထိန်းလိုက်ပြီး အသာပြုံးကာ ကောင်လေး၏ ပါးထက်သူ့လက်ဖြင့် ခပ်ဖွဖွထိ
ကိုင်လိုက်ကာ

"အငယ်က လျှောက်တွေးနေပြန်ပါပြီ ဘယ်လိုလုပ်
အငယ့်ကို ကိုယ်က သဘောမကျဘဲ နေပါ့မလဲကွာ
အဲ့လိုမမေးရဘူးနော် ကိုယ်တကယ်စိတ်မကောင်းဖြစ်တယ်"

ဂျောင်ဝူးအကို့ကို ပြုံးကာ ခေါင်းငြိမ့်ပြလိုက်ပေမဲ့
စိတ်ထဲတွင်တော့ အောင့်သက်သက်ဖြင့် နေရခက်နေတုန်းပင်။
သူ့ပါးပြင်ပေါ်ကို ဖွဖွကိုင်ထားသည့် အကို့လက်ကလဲ
ခါတိုင်းလို အနွေးဓာတ်ကလေးရှိမနေ။
ဘာကြောင့်များ သူအကို့ကို စိတ်ခုသွားရပါသနည်း။

"ဟုတ် လျှောက်မတွေးတော့ဘူး ဒါဆို သွားကြမယ်လေ အကို "

ဂျောင်ဝူးက ထတော့ အကိုကလဲ လိုက်ထလာပြီး သူ့ကိုယ်ပေါ်က ဖှုန်မှုန့်တွေကို ခါပေးလာသည်။
သူမထင်မှတ်စွာ တစ်ချက်ကြည့်မိသည့်အခိုက် အကိုလက်က နာရီလှလှကို တွေ့ရသည်။

"အကို အဲ့brandကို တော်တော်ကြိုက်ပုံရတယ်နော် "

"အမ် အော်..နာရီလား "

"ဟုတ် အကိုနေ့တိုင်းနီးပါးဝတ်တော့ သတိထားမိနေတာပါ ဒါနဲ့ သားပေးတဲ့နာရီကိုရော ကြိုက်ရဲ့လားမသိဘူး "

"အမ် အင်း..ကြိုက်တာပေါ့ ဝတ်တောင်မဝတ်ရက်ပါဘူးကွာ "

"အော် "

ဂျောင်ဝူး အော်တစ်လုံးသာပြောပြီး ရှေ့မှဦးဆောင်ကာ လျှောက်လာခဲ့မိတော့သည်။
သိသိသာသာကို ဒီနေ့အကိုဆီက နွေးထွေးမှုကို မရခဲ့။
သူသွားနေရာမှ ရပ်ကာ နောက်လှည့်ကြည့်တော့ အကိုဟာ သူထားခဲ့တဲ့ နေရာမှာ ရပ်နေခဲ့တုန်း..
အကို့လက်ကနာရီကို တစ်ဖန်ပြန်မြင်မိတော့ စိတ်ခုနေသည့်အခံနှင့်မို့ ရင်ထဲက ဆစ်ခနဲ..
အင်း သူဟာ အကို့အကြိုက်လေးကိုတောင် မရွေးနိုင်ခဲ့ပါလား..?
ဒါမှမဟုတ် သူ‌ပေးတဲ့ လက်ဆောင်လေးဟာ အကို့အတွက် အရေးမပါခဲ့လို့လား ?
သူကရော အကို့အတွက် အရေးပါနေရဲ့လား?
မဝတ်ရက်တာလား မဝတ်ချင်ခဲ့တာလား?

You've reached the end of published parts.

⏰ Last updated: May 23, 2023 ⏰

Add this story to your Library to get notified about new parts!

ကာနေရှင်းနီနီလေးတွေက တိုးတိုးလေးပြောသွားတယ်" အကိုက မင်းကိုတကယ်မချစ်ဘူးတဲ့"Where stories live. Discover now