Part 7

167 34 2
                                    

Unicode

"အင်း ဒီနေ့ရာသီဥတုကောင်းသားဘဲ "

ဂျောင်ဝူး သူ့အိမ်ခြံထဲက ထွက်လိုက်ကာ မျက်နှာကိုမော့လျက် နေရောင်ခြည်နွေးနွေးကို ခံယူမိသည်။
လက်တစ်ဖက်က ကျောပိုးအိတ်ကြိုးကို ဆုပ်ကိုင်ရင်း
နေရောင်ခြည်ကို ခံယူနေမိသည်မှာ ကျောင်းသွားဖို့ပင်မေ့နေသည်အထိ။

ဒီနေ့ ဦးလေးကြီးနှင့်သူအတူမသွားချင် ။
ဒီနေ့လို ရာသီဥတုသာယာသည့် နေ့မျိုးတွင် Busကားပြတင်းပေါက်နားထိုင်ပြီ သီးချင်းနားထောင်နေရသည်ကို သူအထူးနှစ်ခြိုက်သည်ကို။
သူဖုန်းမှ နာရီကို တစ်ချက်ကြည့်မိတော့ 8:25.
ကားက 8:45မို့ သူကားမှီအောင် လမ်းအေးဆေးလျှောက်သွားလို့ရသည်။

"အာ ..လမ်းထိပ်က စတိုးဆိုင်မှာ ရေခဲချောင်းဝယ်ရမယ် ကြည့်စမ်း ပတ်ဂျောင်ဝူး ဒီနေ့လို သာသာယာယာလမ်းလျှောက်ရမဲ့နေ့လေးမှာ ရေခဲချောင်းကို မေ့နေတယ် "

သူ့ဘာသူ ပွစိပွစိ ရေရွတ်ရင်းသာ နေရောင်ခြည်အောက်တွင်  အေးအေးဆေးဆေးလမ်းလျှောက်နေမိသည်။
လမ်းတစ်လျှောက် စတိုးဆိုင်တွေကို ကြည့်မိတော့လဲ
လှလှပပခင်းကျင်းထားဟည့် ချောကလက်တွေကိုတွေ့ရသည်။
သူစဉ်းစားသလို ခေါင်းတစ်ချက်စောင်းမိရင်း..

"အာ မနက်ဖြန် Feb 14တောင် ရောက်ပြီဘဲ "

အရင်လိုဆို ဒီနေ့ရက်ဟာ  သူ့အတွက် အရေးပင်မပါခဲ့သော်လည်း ခုတော့ သူ့မှာ အကိုရှိနေပြီလေ..
အကို့အကြောင်း စဉ်းစားမိပြန်တော့လဲ သူ့မှာ ပြုံးရပြန်သည်။
အကိုဟာ သူ့အပြုံးတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းပြချက်ကောင်းကောင်းလေး..

သူထပ်ပြီးပြုံးလိုက်ကာ လက်နှစ်ဖက်ဖြင့် ကျောပိုးအိတ်ကြိုးကို တင်းတင်းဆုပ်ကိုင်ရင်း ဆိုင်နားသို့ ချဉ်းကပ်သွားမိသည်။
သူ မနက်ဖြန် အကို့ကို တစ်ခုဝယ်ပေးသင့်သည်။
မဟုတ်ဘူး ဝယ်ပေးရမည်။
ဘာလို့ဆို သူတို့က ချစ်သူတွေကို..

"ဟီး "

ဂျောင်ဝူး သူ့အတွေးနှင့်သူ ခပ်တိုးတိုးရီလိုက်ရင်း
လှလှပပထုတ်ပိုးထားသည့် ချောကလက်တွေကို လိုက်ကြည့်နေမိသည်။

ကာနေရှင်းနီနီလေးတွေက တိုးတိုးလေးပြောသွားတယ်" အကိုက မင်းကိုတကယ်မချစ်ဘူးတဲ့"Where stories live. Discover now