Part 5

167 33 18
                                    

Unicode

"ကိုယ်တော့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး မင်းမျက်နှာကို ဘဲ ကိုယ်တွေ့ချင်နေတော့တာ
မင်းရော ကိုယ့်လို ခံစားရရဲ့လား "

ဂျောင်ဝူး သူ အကို၏ မျက်နှာကိုသာငေးကြည့်နေမိမြဲ။
သူလဲမေးလိုက်ချင်ပါသည်။

သူအကို့ အပေါ် ခံစားချက်တွေရှိနေသလို
အကိုရော သူ့အပေါ် ခံစားချက်တွေရှိ‌နေရဲ့လားလို့

သူတွေးနေစဉ်မှာဘဲ အကိုက မြစ်ပြင်ကျယ်ဆီမှ အကြည့်လွဲပြီး သူ့မျက်လုံးတွေကို စိုက်ကြည့်လာသည့်အခါ သူမဝံ့ရဲစွာဘဲ မျက်နှာလွဲမိပါသည်။

အကိုဟာ သူ့ကို အစတွေ့တုန်းကလိုုမျိုး ခပ်စူးစူး
ရီဝေဝေအကြည့်တွေနှင့် အနိုင်ယူပြန်ပြီ..!!

"အငယ် ကို‌ယ်မေးတာကို‌ဖြေပေးပါ "

ထပ်ပြောလာသည့် အကို့အသံက လေတိုးသံနှင့်ရောထွေးစွာ ခပ်တိုးတိုးပလုံးပထွေး။
သူ ခေါင်းကို ငုံ့ရင်း စိတ်လှုပ်ရှားစွာ အောက်နှုတ်ခမ်းကို တစ်ချက်ဖိကိုက်မိတော့ နာကျင်မှုက ဆစ်ကနဲ။

သူဘယ်လိုဖြေပေးရမလဲ?

သူလဲအကို့နဲ့ထပ်တူခံစားရပါတယ်လို့လား
အကို့ကိုမြင်ထဲက  အဲ့လိုခံစားခဲ့ရတာပါလို့လား

သူအားတင်းကာ အကို့ရဲ့ ရီဝေဝေမျက်လုံးတွေကို ပြန်ကြည့်မိသည်။
ပြီးနောက် ခပ်ဖွဖွလေး တစ်ချက်ပြုံးမိရင်း

"ဟုတ် သားလဲခံစားရပါတယ် အကို "

သူပြောမိတော့ ကျေနပ်သလို တွန့်ကွေးသွားတဲ့အကို့ရဲ့ နှုတ်ခမ်းလှလှတွေ။
နှုတ်ခမ်းလှလှတွေကနေ ထွက်ပေါ်လာသည့် အပြုံးဟာလဲ သူဒူးထောက်အရှုံးပေးရန် လုံလောက်၏။
ဂျောင်ဝူး မျက်နှာကို မြစ်ပြင်ကျယ်ဆီ အကြည့်ပို့ရင်း
နှာခေါင်းကို လက်ညိုးဖြင့် အရှက်ပြေကုတ်နေမိသည်။

မျက်ဝန်းချင်း ဆုံမိတဲ့အခိုက်အတန့်မှာ သူသိလိုက်
ရတယ်.
သူဟာ ဒီလူဆီမှာ ရုန်းမရအောင် နစ်မွန်းနေပြီဆိုတာ။
အကို့ကို ချစ်တယ်လို့များ အခုချက်ချင်းဝန်ခံရင် အကိုဟာ ဟားတိုက်ရီလေမလား?

ကာနေရှင်းနီနီလေးတွေက တိုးတိုးလေးပြောသွားတယ်" အကိုက မင်းကိုတကယ်မချစ်ဘူးတဲ့"Where stories live. Discover now