Part 2

154 35 9
                                    

Unicode

ဂျောင်ဝူး စာအုပ်ဆိုင်က ထွက်ထွက်ချင်း ရုတ်တရက် ရွာချလာသည့် မိုးကြောင့် စိတ်ပျက်စွာ စုတ်သတ်မိသည်။
အပြင်မှာလဲ မှောင်မဲနေပြီဖြစ်သောကြောင့်  taxiခေါ်မရတော့။

ခေါ်ရတော့ရော ဘာလုပ်ရမှာလဲ?
သူမှ မိုးရွာနေတုန်း ကားမစီးရဲတာ..

ဒီနေ့နောက်ကျမည်ကြောင့် ဦးလေးကြီးကို လာမခေါ်ခိုင်းလိုက်သည့် သူ့ကိုယ်သူဘဲ အပြစ်တင်လိုက်တော့သည်။
ဦးလေးကြီး သူ့အနားရှိလျှင် အနည်းဆုံးတော့ သူ အကြောက်သက်သာလိမ့်မည်။
မိုးက ပိုသည်းလာသည်မို့ မိုးရေစက်တို့က sneaker အပြာရောင်လေးစီးထားသည့် သူ့ခြေထောက်နား တစ်ဖြောက်ဖြောက် လာရိုက်နေသည်။
သူ  မျက်နှာတစ်ချက်ရှုံ့ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိသည်။

"စိုစွတ်စွတ်နဲ့ အချိန်အခါမဟုတ် ရွာနေတယ် တကယ်
စိတ်ပျက်ဖို့ကေ...အမလေး မာမား "

သူပြောလို့ မဆုံးသေး ။
ရုတ်တရက် လျှပ်စီးတစ်ခုကြောင့် ကောင်းကင်တစ်ခွင်လင်းသွားပြီး မိုးချုန်းသံတွေ အဆက်မပြတ်ထွက်ပေါ်လာသည်မို့ သူ လန့်သွားကာ ငုတ်တုတ်ထိုင်ချမိလိုက်ပြီး  နားနှစ်ဖက်ကို လက်ဖြင့် အုပ်ထားမိသည်။
သူ့ပါးပြင်ပေါ်သို့ စီးကျလာသည့် စိုစွတ်စွတ်မျက်ရည်တွေက လန့်လွန်း၍ ဖြစ်မည်။

မိုးရွာခြင်းကို သူမုန်း၏။
ငယ်ငယ်ထဲက အခြားကလေးတွေလို စိုစွတ်စွတ်နှင့် မိုးရေထဲ ပြေးကစားရခြင်းကို သူ မနှစ်သက်။
လျှပ်စီးသံတွေကို ကြောက်သည်။
မိုးချုန်းသံတွေကိုဆို သူပို၍ ကြောက်သည်။
အကြောက်ဆုံးကတော့ မိုးရွာနေသည့် အချိန် ကားစီးရမည်ကိုပင်။

"အဝူး .."

စိုးရိမ်နေသည့် အသံနှင့်နူးညံ့နေသောအသံတို့ ရောယှက်နေသော ခေါ်သံသည် ကိုကို မှ ကိုကိုပါ..

ဂျောင်ဝူးမဝံ့မရဲ ခေါင်းမော့ကြည့်တော့ အလုပ်ကတန်းပြေးလာပုံရသည့် ကိုကိုက နီညိုရောင် suit ဖြင့်။
လူကြီးဆန်စွာ လန်တင်ထားသည့် ဆံပင်က မိုးရေကြောင့် နဖူးပေါ်ခပ်ဝဲဝဲကျနေပြီ။
လည်းပင်းမှ နက်ခ်တိုင် လျော့ရိလျော့ရဲနှင့်တွန့်ချိုး
‌ေနသည့် မျက်ခုံးတို့က ကိုကို စိတ်ရှုပ်နေသည့် သင်္ကေတ။
တုန်လှုပ်နေသည့် မျက်ဝန်းတွေက သူ့ကို စိုးရိမ်နေ၍ပင်ဖြစ်မည်။

ကာနေရှင်းနီနီလေးတွေက တိုးတိုးလေးပြောသွားတယ်" အကိုက မင်းကိုတကယ်မချစ်ဘူးတဲ့"Where stories live. Discover now