Part 8

277 37 8
                                    

Unicode

After 3 moths ;

ဟာရူတို ဆေးရုံခန်းရှေ့က ထိုင်ခုံမှာထိုင်ရင်း ခေါင်းငိုက်စိုက်ကာ ထိုင်နေမိသည်။
ဆရာဝန်ပြောသွားသည့် စကားတွေကြောင့် သူ့ခေါင်းက ကိုက်သထက်ပိုကိုက်လာရတော့သည်။
လက်လွက်လိုက်ကြစို့တဲ့..လက်လွတ်ရမယ်
သူဘယ်လိုလုပ်ရပါမည်နည်း။

စိတ်ရှုပ်လာသည့်အတွက်‌ကြောင့် သူမျက်နှာကို လက်ဖဝါးနှစ်ဖက်လုံးဖြင့် ခပ်ကြမ်းကြမ်းပွတ်သ်ပစ်လိုက်ရသည်။
သို့သော် စိတ်ရှုပ်မှုအစိုင်အခဲကတော့ ပြေလျှော့မသွားပေ။
အကုန်လုံးက ဟိုမိသားစုကြောင့်ပင်..!!
စောင့်ကြည့်နေပါ ဥက္ကဌပတ်ခ် ..
အရာရာကို ပိုက်ဆံနဲ့ဖြေရှင်းတတ်တဲ့ ခင်ဗျားကို ခင်ဗျားရဲ့ စည်းစိမ်တွေ ကုန်ပြီး ကုန်းကောက်စရာမရှိအောင် လုပ်ပြမယ်..
ခင်ဗျားသားကိုလဲ ကျုပ်စိတ်နဲ့ ခြုံးခြုံးကျအောင် လုပ်မယ်
ခင်ဗျား မိန်းမကတော့ ခင်ဗျားတို့နှစ်ယောက်ကို ကြည့်ပြီး ရူးသွားပါစေပေါ့ ...

သူတွေးနေတုန်းပင် ဖုန်းကရုတ်တရက်ဝင်လာခဲ့၏။
Contact name က သူ့ကို ဒေါသထွက်စေပါသည်။

အငယ်..တဲ့

"ဟယ်လို "

"အကို အိမ်လာမယ်ဆို ဟုတ်လားဗျ "

"အင်း "

"အကို့အသံက အဆင်မပြေသလိုဘဲ နေရောကောင်းရဲ့လား "

"ကောင်းပါတယ် မင်း‌ပြောချင်တာဒါဘဲမလား
ကိုယ်ချတော့မယ် ခနနေမှတွေ့ကြတာပေါ့ "

ဂျောင်ဝူး တိခနဲ ကျသွားသည့် ဖုန်းကိုကြည့်ပြီး စိတ်မကောင်းပေ။
အကိုက အလုပ်များ အဆင်မပြေ၍လား?
နေရောကောင်းရဲလား မသိ အသံအရဆိုလျှင်တော့
အကိုနွမ်းနေသလိုပင်။
ချစ်မိတော့လဲ အသံလေးနွမ်း‌နေတာက အစ သူ့မှာ
နေမထိမထိုင်သာ။

ညနေတွင် အကိုက အိမ်လာတော့လဲ ပါးနှင့်စကားခနသာပြောပြီး ပြန်သွားသည်။
သူလှေကား အစွန်းကနေ ချောင်းကြည့်နေသည်ကို အကိုက မြင်သော်လည်း သူ့ကို ပြုံးပြင်မပြခဲ့ပါချေ။
မျက်နှာသေကြီးဖြင့်သာ သူ့ကိုခနကြည့်လာခဲ့သည်။
ပြီးနောက် အေးဆေးစကားသာ‌အေးဆေးပြောနေသည်။
မျက်နှာကလဲ နွမ်း၍ပင်။ဘယ်လောက်တောင် စိတ်ရှုပ်နေသည်ဆိုတာ ဝတ်ထားသည့် နက်ခ်တိုင်က
သက်သေ။ဆောင့်ဆွဲထားတာများ ကြေမွလို့...

ကာနေရှင်းနီနီလေးတွေက တိုးတိုးလေးပြောသွားတယ်" အကိုက မင်းကိုတကယ်မချစ်ဘူးတဲ့"Where stories live. Discover now