CHAPTER - 9 [Unicode]

523 49 1
                                    

Emergency room‌ ရှေ့၌ ငြိမ်သက်စွာထိုင်နေသောလူသုံးဦးကြောင့် ဘေးပတ်ပတ်လည်သည် တိတ်ဆိတ်လျက်။

တစ်ဦးနှင့်တစ်ဦး စကားပြောခြင်းလည်းမရှိကြသလို သုံးဦးလုံး၏ စိတ်အာရုံသည်
လွင့်မြောနေပုံရပြီး တစ်ချက်တစ်ချက်အကြည့်များသည်လည်း emergency room ထံသို့ရောက်ရှိသွား၏။

ကြည့်လိုက်ရုံနှင့် သုံးယောက်လုံးသည် ပူပင်သောကရောက်နေသည်မှာသိသာ၏။

Bert က လက်နှစ်ဖက်ကိုရင်ဘတ်သို့ကပ်လျက် Christianပီပီ Jesus အားဆုတောင်းတိုင်တည်နေသလို

Owen သည်လည်း မျက်စိမှိတ်ထားလျက် ပါးစပ်မှ တစ်ဖွဖွနှင့် ဘာတွေရွတ်နေမှန်း
မသိ။

အဆုံးမှာတော့ သူတို့လိုသေနတ်ကိုင်သည့် ယောက်ျားတွေကလည်း တကယ်လိုအပ်လာလျှင် ယုံကြည်ရာကိုးကွယ်ရာကို သတိရကြသည်ပဲလေ။

Bertနဲ့ Owen ဘေး၌ ဒူးနှစ်ဖက်ပေါ်လက်တင်၍ ခေါင်းကို‌အောက်သို့ငုံ့စိုက်ထားကာ ငြိမ်သက်နေသူက Felix။

မကြာလိုက်။
ပွင့်ဟလာသည့် တံခါးကြောင့် သုံးယောက်လုံးပြိုင်တူထမိသွားပြီး ထွက်လာသည့် ဆရာဝန်ထံသို့ မျှော်လင့်ချက်ကြီးစွာကြည့်မိ၏။

"Doctor, Ian အခြေအနေ"

"မစိုးရိမ်ရတော့ပါဘူး။အဆင်‌ပြေသွားပါပြီ။ဒါ‌ပေမယ့် လောလောဆယ်တော့
ICUထဲမှာပဲထားရလိမ့်မယ်"

‌ထိုအခါမှသာ ရင်ထဲမှအပူလုံးကြီးကျသွားသလို သုံးယောက်သား သက်ပြင်းချနိုင်တော့သည်။

"ကျွန်တော်နဲ့ တစ်ယောက်လောက်လိုက်ခဲ့ပေးပါ။လူနာအခြေအနေအသေးစိတ်ကိုပြောရအောင်လို့"

"ကျွန်တော်လိုက်ခဲ့မယ်"

ချက်ချင်းထ‌ပြောလာသည့် Bertကြောင့် Drကခေါင်းညိတ်ပြလာကာ ရှေ့မှဦးဆောင်ထွက်သွားတော့ Bertကလည်း နောက်မှလိုက်သွား၏။

နောက်ဆုံးကျန်ခဲ့သူက Owenနဲ့ Felix

"ငါကျန်နေခဲ့လိုက်မယ်။မင်းပြန်လိုက်တော့လေ။ပြီးရင် အကြောင်းစုံသတင်းပို့လိုက်"

"နေခဲ့ပါ့မယ်"

"ဟမ်"

"ကျွန်တော် ဒီမှာနေခဲ့ပါ့မယ်"

LORD OF ALL {Ongoing}Where stories live. Discover now