CHAPTER - 13 [Zawgyi]

134 8 0
                                    

"ဝုန်းး"

"ခလွမ်း"

နံရံသို့ပစ္စည်းပစ်ပေါက်သံများနှင့် ဆူညံသည့်အသံများက အခန်းတစ်ခုအတွင်းမှထွက်ပေါ်လာ၏။

ထည်ဝါလှသည့်အခန်းတံခါးကြီးက အိမ်ကြီးရှင်၏ ဂုဏ်ကိုဖော်ညွှန်းနေပြီး
အိမ်ကြီး၏ ပတ်ပတ်လည်နံရံထက်၌ ဘောင်ခတ်ထားကာ တယုတယချိတ်ဆွဲထားသည့် စစ်အသုံးအဆောင်ပစ္စည်းများကြောင့်အိမ်ကြီးရှင်သည်စစ်တပ်နှင့်ပတ်သက်သောလူ သို့မဟုတ် စစ်တပ်ပိုင်းဆိုင်ရာအကြီးအကဲတစ်ယောက်ဖြစ်နိုင်သည်ဟု
ထင်ရသော်လည်း

ထပ်မံတွေ့မြင်ရသည့် ကနုတ်ပုံအနားသတ်ဘောင်ထဲ ချိတ်ဆွဲထားသည့် ဆုတံဆိပ်များ၊ရာထူးဂုဏ်ရှိန်၏အမျိုးမျိုးသောဘားတန်းများကြောင့် ထိုထက်ပိုပြီးရာထူးကြီးမားသောသူလည်းဖြစ်နိုင်၏။

"မင်းကိုငါထွက်သွားလို့ပြောနေတယ် David ဒီထက်ပိုပြီးငါ့ရဲ့သည်းခံနိုင်စွမ်းတွေကို
လာမဆွစေချင်ဘူး"

"အရင်ဆုံး ဒေါသမထွက်ဘဲ ကျွန်တော်ပြောတာကိုပဲသေချာပြန်စဉ်းစားစေချင်ပါတယ်ဝန်ကြီးချုပ်"

ဒေါသထွက်နေသောဝန်ကြီးချုပ်ဆိုသူနှင့်
စကားပြောနေသောသူတို့သည် အချေအတင်တော့ဖြစ်နေကြပုံ။

ချောမောပြီးတည်ကြည်သည့်မျက်နှာထားထက် သိသာထင်ရှားနေသည့်မာနအရိပ်များနှင့်ဝန်ကြီးချုပ်က ဒေါသထွက်နေတော့လည်း တစ်မျိုးတစ်ဖုံကြည့်ကောင်းနေပြန်သည်။

စိတ်တိုနေမှန်းသိသာသည့်ပုံစံသည် ရှေ့မှလူပြောလာသည့်စကားကြောင့်
သက်ပြင်းသံတစ်ချက်ချလိုက်ရင်း စိတ်လျှော့လိုက်ပုံရသည့် ဝန်ကြီးချုပ်က
ပြီးမှသာ စကားဆက်ပြောလာ၏။

"Frederick ဘက်ကဒီဆက်ဆံရေးကို
အနီရောင်ပြနေတယ်ဆိုတည်းက မကြာခင်သူ့လက်နက်တွေကို တင်သွင်းမှုပိတ်တော့မယ်ဆိုတာကျိန်းသေနေပြီ။
အဲ့အခါကျရင်ငါတို့ဘက်က ဘာမှတောင်းဆိုလို့ရတော့မှာမဟုတ်သလို လက်နက်အတွက်လည်းအခက်အခဲတြွေဖစ်ကုန်လိမ့်မယ်။"

"ကျွန်တော်လည်းအဲ့လိုဖြစ်တည်းက frederickနဲ့တွေ့ဆုံဖို့ ‌ဆက်သွယ်နေပေမယ့် အခုချိန်အထိအကြောင်းပြန်စာရောက်မလာသေးပါဘူး"

LORD OF ALL {Ongoing}Donde viven las historias. Descúbrelo ahora