CHAPTER - 14 [Zawgyi]

165 8 0
                                    

"ကလေးတွေအလောင်းကို ကောင်းကောင်းမွန်မွန်သင်္ဂြိုလ်ပေးလိုက်။ကျန်တာတွေကိုတော့ နောက်မှပဲကြည့်လုပ်ကြရအောင်"

"Frederick အခြေအနေကရောဘယ်လိုရှိလဲ"

ပြောလိုက်သည့်စကားကို ခေါင်းညိတ်ပြရင်း မေးလာသည့် Evanကြောင့် Silas တစ်နေရာသို့ မေးငေါ့ပြလိုက်၏။

ပြိုလဲကျနေသည့်အဆောက်အအုံများရှေ့၌ ရပ်နေသည့် Frederick မလှုပ်မယှက်။

ကလေးများနှင့် လက်ပွန်းတတီးမရှိသလို ဂေဟာသို့လည်း လာလေ့မရှိသည့် Frederickက

သတင်းကြားပြီး ညတွင်းချင်းပင် Turkey-Syriaသို့ထွက်ခွာလာခဲ့ပြီး
မနားမနေအင်တိုက်အားတိုက်ရှာဖွေနေခဲ့သည်မှာ အခုချိန်ထိ။

"Olivia ကိုရော"

"ငါတွေးသလိုမင်းလည်းတွေးနေတာပဲ
မလား။မျှော်လင့်ချက်မရှိနိုင်လောက်တော့ဘူး"

"Frederickလည်းသိလောက်ပါတယ်"

"အင်း ဒါပေမယ့်မတွေ့မချင်းတော့ရှာနေဦးမှာအသေအချာပဲ။အခုလည်းကြည့်လေ"

ကံဆိုးသည်ဟုပြောရမလားမသိ။

အမြဲခရီးတွေသွားနေတတ်သည့်
Oliviaက လွန်ခဲ့သည့်လတွေကမှ ဂေဟာတွင်ကလေးတွေအတွက်စာသင်ပေးချင်သည်ဟုပြောလာခဲ့၏။

တစ်လလောက်ကြာတော့ ကလေးတွေကိုစာသင်ပေးရင်း နေထိုင်ရသည့်ဘဝလေးကလည်းပျော်စရာကောင်းသည်ဟု ပြောလာသည့် Oliviaကတကယ်လည်းပျော်နေပုံ။

လွန်ခဲ့သည့်ငါးရက်လောက်ကမှ သူတို့video call ပြောခဲ့ကြသေးသည်။

မကြာလိုက်။ညတွင်းချင်းပင် ဂေဟာတည်ရှိရာ Gaziantep မြို့က earthquakeထဲပါသွားသည်ဟုကြားမိတော့ သူတို့ကိုယ်တိုင်လည်းတုန်လှုပ်ခဲ့ရ၏။

ကံကောင်းစွာဖြင့်အသက်ရှင်ကျန်ရစ်သည့်ကလေးများရှိသော်လည်း
ထိုကလေးများနှင့်အတူ သေဆုံးသည့်ကလေးအလောင်း(29)လောင်းမှလွဲ၍
ကျန်ရှိနေသေးသောကလေးများအားရှာမတွေ့သေး။
ထို့အတူ olivaအလောင်းကိုပါမတွေ့ရသေး။
 
အခြေအနေဆိုးတွေထဲမှ မျှော်လင့်ချက်
ခပ်ပါးပါးလေးတော့ သူတို့ထားမိရဲ့သား။

LORD OF ALL {Ongoing}Where stories live. Discover now