CHAPTER - 17 [Unicode]

476 41 2
                                    

"ဝန်ကြီးများတွေ့ဆုံပွဲကိုလိုက်ရမယ်"

ဆိုင်းမဆင့်ဗုံမဆင့် ခပ်ပြတ်ပြတ်အမိန့်
တစ်ခွန်းပြောပြီးထွက်သွားတဲ့Silasကြောင့် Ianပြင်ဆင်စရာရှိတာများပြင်ဆင်တော့သည်။

ဝန်ကြီးများတွေ့ဆုံပွဲကအရေးကြီးသည့်အတွက် လိုအပ်သည့်လူများထက်ပိုပြီးပိုပိုသာသာခေါ်မိ၏။

Owenနဲ့Bertကလည်းအခုတလောဖြစ်နေကြမှန်းမသိ။

ထစ်ခနဲရှိရန်ဖြစ်နေကြသလို အရင်လိုမျိုး
တပူးတွဲတွဲမလုပ်ကြတော့။

သူတို့နှစ်ယောက်နဲ့ပတ်သက်လျှင် လိုက်ထိန်းရသည့်Ianသာမောရသည့်အတွက် ဒီတစ်ခေါက်တော့ဝင်မပါဖြစ်။

"Ianသွားကြရအောင်လေ"

ပြင်ဆင်ပြီး၍ ထွက်ဖို့ပြင်လိုက်တော့ အချိန်ကိုက်ပင် Felixကရောက်လာ၏။

လုံခြုံရေးဝတ်စုံနှင့်စမတ်ကျနေသည့်Felixအား ဘာရယ်မဟုတ် ခေါင်းအစခြေအဆုံးတစ်ချက်ကြည့်လိုက်မိတော့

ဘာဖြစ်လို့လဲဆိုသည့် အဓိပ္ပာယ်ပါပါမျက်လုံးများဖြင့် ပြန်ကြည့်လာသည့်Felix

ဘာမှမဟုတ်ကြောင်း ခေါင်းခါပြလိုက်ရင်း
ဂိုဏ်းသားများအသင့်စောင့်ဆိုင်းနေသောနေရာသို့ထွက်လာလိုက်ပြီး

ကားနားရောက်တော့ အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း Mansionသို့အကြောင်းလှမ်းကြားကာ မထွက်လာသေးသည့်lordအားစောင့်ဆိုင်းနေလိုက်၏။

နေဝင်နေပြီမလို့ မှောင်စပြုနေသည့်ပတ်ဝန်းကျင်က အိမ်တော်၏ လင်းထိန်နေမှုကိုတော့မယှဉ်နိုင်။

သိပ်မကြာလိုက်။

ညင်ညင်သာသာလျှောက်လာသည့် ဖိနပ်ခွာသံကို ကြားလိုက်ရချိန်မှာတော့ Ian မျက်လုံးတို့က အလိုလိုရွေ့လျားသွားကြ၏။

အနက်ရောင် suitဝတ်ထားကာ
လက်တစ်ဖက်ကိုဘောင်းဘီအိတ်ထဲထည့်ထားပြီး တစ်ဖက်က cigarettesတစ်လိပ်ကို သောက်နေသည့် Lordက တည်ငြိမ်နေလျက်။

အိမ်တော်ကထွက်လာတည်းက ဘေးဘီတစ်ချက်မကြည့်ဘဲ ကားဆီသို့သာ ဦးတည်သွားနေသည့် lordက ကားပေါ်ရောက်တော့လည်း ထွက်ဖို့ကိုသာ အမိန့်ပေးလိုက်၏။

LORD OF ALL {Ongoing}Kde žijí příběhy. Začni objevovat