ဒေါက်!!ဒေါက်!!
တောက်ပြောင်ခမ်းနားလှသည့် တံခါးမကြီးရှေ့ကိုရောက်တော့ သူရောက်လာပြီဖြစ်ကြောင်း တံခါးခေါက်လိုက်ခြင်းဖြင့် အထဲမှသူအား သိစေလိုက်သည်။
ဝင်လာခဲ့ဟုဆိုလာသည့်အသံမကြားရသလို တုံ့ပြန်မှုလည်းမရှိလာ။
သို့ပါသော်လည်း Ianအသာအယာဖွင့်ကာဝင်လိုက်၏။ဝင်လိုက်သော်လည်း lordအားမတွေ့ရ။
ဘေးဘက်သို့ကြည့်လိုက်တော့မှ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့
ငေးနေသည့်Lord...ဘေးရှိစားပွဲထက်၌ မီးခိုးရောင် နဂါးကနုတ်ပုံဖော်ထားသည့် ပန်းအိုးတစ်လုံးရှိကာ ထိုအိုးထဲ၌ နှင်းဆီရဲရဲတစ်ပွင့်က ဝံ့ဝံ့ကြွားကြွား။
Ianဒီအခန်းထဲကိုရောက်ဖူးသည့်အရေအတွက်က လက်ချိုးရေလို့ရ၏။
Lord ၏ ဘယ်၊ညာလက်ရုံးနှစ်ယောက်မှလွဲ၍ တော်တန်လူလာခွင့်မရှိသော ဤအခန်းထဲသို့ အခုအကြိမ်နဲ့ဆို သူရောက်ဖူးသည်မှာ သုံးကြိမ်ရှိပြီ။
ရုံးခန်း၏ အရှင်သခင်သည် ထုံးစံအတိုင်းတစ်ဖက်သို့လှည့်နေကာ သူ့ကိုလှည့်ကြည့်မလာခဲ့။
"Lord"
သူအသံကြောင့်လှည့်ကြည့်လာ
သည့်Lordက လက်ထဲမှာ cigarette
တစ်လိပ်နှင့်။တဖြည်းဖြည်း သူရှိရာသို့လျှောက်လှမ်းလာကာ စားပွဲပေါ်ရှိ Cigarette Ashtray ထဲသို့ ဆေးလိပ်ကိုထိုးခြေကာ မီးငြိမ်းလိုက်၏။
"ထိုင်လေ"
ဆိုဖာကိုလက်ညှိုးထိုးကာ ထိုင်ခိုင်းလာသည့်အတွက် အနီးနားရှိဆိုဖာပေါ်မှာIanဝင်ထိုင်လိုက်သည်။
Lordကတော့ ဝင်ထိုင်မလာခဲ့။
ရုံးစားပွဲကို မှီလိုက်ကာ လက်နှစ်ဖက်ပိုက်လျက်ရပ်နေ၏။"ဒီတစ်ခေါက် Las Vegas ကိုသွားရမယ်"
ကြားလိုက်ရသည့်စကားကြောင့် Ianမော့ကြည့်လိုက်သည်။
မော့ကြည့်လိုက်ပြန်တော့လည်း သူ့ကိုပြန်ကြည့်နေသည့် Lordကြောင့် ကြာကြာမကြည့်နိုင်ခဲ့။
ခေါင်းငုံ့လိုက်ရတာက သူသာ။"နောက်တစ်ခေါက် chance ပေးတဲ့အတွက်ကြောင့်မလို့ Lord Frederickရဲ့
Gang members အားလုံးက အရည်အချင်းရှိတယ်ဆိုတဲ့ ရလဒ်ကိုပဲလိုချင်တယ်"
ESTÁS LEYENDO
LORD OF ALL {Ongoing}
AcciónThe contents of this story are written only with the writer's thoughts and ideas, and do not want to hurt or insult any person or society. Started date - 11.2.2022