ခပ်မှိန်မှိန်အလင်းရောင်အောက် တဖွဲဖွဲကျနေသည့်နှင်းများကမရပ်မနား။
နာရီဝက်ကြာမှ တစ်စီးဖြတ်သွားတတ်သည့်ကားများက နှင်းများကြောင့် လမ်းကြောပိတ်နေ၍လားတော့မသိ။
အချိန်စောသေးသော်လည်း
သွားလာသူနည်းပါးနေသည်မလို့ တိတ်ဆိတ်နေသည့် Madrid မြို့၏ညအချိန်က Frederickအတွက်စိမ်းသက်နေသလို။ရှေ့ရှိမှတ်တိုင်ကိုမြင်မိခါမှ ဒီနေရာကို 7နှစ်ကြာမှ ဒုတိယအကြိမ်လာဖြစ်ကြောင်းကို အမှတ်ရ၏။
အရင်တစ်ချိန်က ကားမှတ်တိုင်၌ငိုယိုနေခဲ့သည့် ကောင်လေးတစ်ယောက်အား ချော့မော့ခေါ်ဆောင်ခဲ့ဖူးသည့် ပုံရိပ်တို့အားပြန်မြင်မိတော့ စိတ်တို့ထဲ အတွေးများဝင်လာ၏။
နှင်းဖုံးနေသည့်ခုံကို လက်ဖြင့်အသာအယာဖယ်ရှားကာ ထိုင်လိုက်ရင်း
အတွင်းအိတ်ထဲရှိထည့်ထားသည့်
အပြာရောင်ဒိုင်ယာရီ စာအုပ်ငယ်လေးကို အမှတ်မထင်ထုတ်မိတော့စိတ်တို့က 7နှစ်တာအတွင်း
ယောင်လို့တောင် မရောက်ခဲ့ဖူးသော
တစ်ယောက်သောသူဆီမှာ။မယူလာဘဲထားခဲ့ရန်စဉ်းစားခဲ့သော်လည်း
သိချင်သည့်အကြောင်းအရာများက ဒိုင်ယာရီထဲ၌သာရှိသည်မို့ လမ်းတစ်ဝက်ရောက်မြှပန်လှည့်ယူရသည့်အဖြစ်။"ကျွန်တော်တကယ်ကိုပင်ပန်းနေပြီ"တဲ့
ခံစားချက်များပါဝင်သည့် အရေးအသားစာမျက်နှာများစွာ၏ အောက်ဆုံး၌
အမြဲပါတတ်သော လက်ရေးဝိုင်းဝိုင်းတွေကြောင့်ဘာရယ်မဟုတ် အားနာစိတ်တစ်ချို့တော့
ဝင်မိသား။သူ့မြင်ကွင်းရှေ့ရောက်လာတိုင်း
ငြိမ်သက်သွားတတ်သည့်၊ခေါင်းအမြဲငုံ့ထားတတ်သည့် ကောင်လေးက
ထိုအကြောင်းကြောင့်တဲ့လား။အရေးအသားကိုကြည့်ရုံနှင့်ပင် နာကျင်ခဲ့ရမှုများ ပါဝင်နေသည့်အတွက် အဆုံးထိတိုင်အောင် သူဆက်မဖတ်ဖြစ်တော့သည်အထိ။
တကယ်ဆို Ianအခန်းထဲကိုသူမဝင်ခဲ့သင့်။
ဝင်ဖြစ်ခဲ့ရင်တောင် ဒီစာအုပ်ကို မတွေ့ခဲ့သင့်။
ŞİMDİ OKUDUĞUN
LORD OF ALL {Ongoing}
AksiyonThe contents of this story are written only with the writer's thoughts and ideas, and do not want to hurt or insult any person or society. Started date - 11.2.2022