ခင်ဗျားကြီးကို...မချစ်ဘူး
part 5"ဒေါက်ဒေါက်..."
"ဝင်ခဲ့...."
မဒမ်ထက်ထင်ရဲ့စကားဆုံးသည်နှင့်ရုံးခန်းတံခါးဖွင့်ကာဝင်လာသည့်မိန်းကလေး.....
"မဒမ်...အပြင်မှာ...pachaya လုပ်ငန်းစုကသူဋေးတွေ့ခွင့်တောင်းနေလို့ပါ..."
"pachaya......!.. ဝင်ခဲ့ခိုင်းလိုက်....."
ပုံမှန်ဆိုကြိုမချိန်းထားရင် တွေ့ခွင့်မပေးမှန်းသိပေမဲ့အခု ကအပြိုင်ကုမ္ပဏီကမို့ လာပြောပေးခြင်းဖြစ်မှန်းမဒမ်ထက်ထင်သိသည်၊ ပြီးတော့သူကိုယ်တိုင်လည်းကိုယ်ဖျက်စီးခဲ့တဲ့ပန်းကဘယ်အခြေအနေနဲ့သူ့ကိုလာတွေ့လည်းသိချင်သေးသည်။
"မင်္ဂလာပါမဒမ်ထက်ထင်...."
"ထိုင်ပါအုံး....."
ရုံးခန်းထဲကဆိုဖာမှာမျက်နှာချင်းဆိုင်ထိုင်ကြရင်းအလယ်ကဖန်စားပွဲထက်ပင်နှစ်ယောက်သား မျက်နှာထားကပိုလို့အေးဆက်နေကြသည်။
"parawat လုပ်ငန်းစုကသူဋေးလေး kit parawatနဲ့လာတွေ့တာ...မထင်မိဘူး.....လုပ်ငန်းစုကသူဋေးမကြီးနဲ့တွေ့ရလိမ့်မယ်လို့....ကျွန်တော်တော်တော်ကံကောင်းတယ်ထင်တယ်.....တော်ရုံဆိုသူဋေးမကြီးကအပြင်လူတွေနဲ့သိပ်မတွေ့ဘူးလို့ကြားထားတာ......"
"..မြေးကိုလာဝင်တွေ့ရင်းနဲ့ဆုံဖြစ်ကြတယ်ဆိုပါတော့........ကျွန်မကြားထားသလောက်ကလည်း.... pachaya လုပ်ငန်းစုကသူဋေးလေး singto pachaya ဆိုတာ....တော်ရုံဆိုဘယ်သူ့ကိုမှကိုယ်တိုင်မတွေ့ဘူးမလား...ကျွန်မမြေးဆီဘာကိစ္စများရှိလို့ပါလဲခွန်singto......."
မဲ့ကာရွှဲ့ကာမထီတထီပြောနေကြသည့်စီးပွားပြိုင်ဘက်တွေကြားလေထုကပင်အေးစက်စက်ရယ်ဖြစ်လို့နေသည်။
"kit လေးလား...ကိစ္စရှိမှလာရမဲ့သူတွေမှမဟုတ်တာဗျာ.....kitလေးနဲ့ကျွန်တော်ကဘယ်လိုတော်လဲဆိုတာမဒမ်ထက်ထင်ကမသိလို့လား......"
"ဒီမှာခွန်singto... kit ဆိုတာမြေးရဲ့မိသားစုဝင်တွေပဲခေါ်တာ...."
singကလည်းခပ်ရွတ်ရွတ်ဖြေသလိုမဒမ်ထက်ထင်ကလည်းထီမထင်တဲ့ပုံနဲ့မို့ ရုံးခန်းထဲသွေးအေးတိုက်ပွဲဖစ်လို့နေသည်။
ESTÁS LEYENDO
ခင်ဗျားကြီးကို...မချစ်ဘူး(u..z)
Fanficsk fic လေးပါနော်...sk ကိုလွမ်းလို့ရေးပါသည်....တစ်စုံတစ်ခုမကျေနပ်စရာများဖြစ်သွားခဲ့ရင် ကိုယ့်အပြစ်ပါနော်.... အရမ်းလွမ်းတယ်.... forever peraya..... intro.... ဒီ fic လေးမှာ sing နဲ့krist က အသက်တော်တော်ကွာပြီး... singရဲ့ အမုန်းတရားတွေကြားကနေmarried life...