Unicode //
Korea စံတော်ချိန် 18:30
လက်ထဲက စီးကရက်တစ်လိပ်ရယ် အသက်မပါတဲ့ ခြေလှမ်းတွေနဲ့ သီချင်းတစ်ပုဒ်ကိုဖွင့်လိုက်တယ်။ တစ်ခါတစ်လေကျ ရိုးရှင်းတဲ့သီချင်းတစ်ပုဒ်ကလဲ လောကကြီးရဲ့ပူလောင်မှူတွေကိုဖုံးကွယ်သွားစေတယ်။ခုနကလေးတင် နေ့စဥ်ဘဝရဲ့စိတ်မသက်သာစရာ ကိစ္စတွေကဖြစ်ပြီးပြီးမဟုတ်လား။
ကိုယ့်အတွေးနဲ့ကိုယ် လမ်းလျှောက်နေရင်း ဘတ်စ်ကားဟွန်းတီးသံတစ်ခုကိုကျွန်တော်ကြားလိုက်ရတယ်။
" ဟို ကောင်လေး လမ်းမပေါ်မှာ နားကြပ်တပ်ပြီး လိပ်ပြာလွင့်မနေနဲ့ကွ! "
ဘတ်စ်ကားဆရာရဲ့ကြိမ်းမောင်းသံကို လျစ်လျူရှုလိုက်တယ်။သောက်လက်စ စီးကရက်ကိုသာမီးသတ်လိုက်ပြီး ခပ်သွက်သွက်ခြေလှမ်းနေနဲ့ တစ်နေရာရာကိုထွက်လာခဲ့လိုက်တယ်။
-------------------- Safe Place ----------------------
" ဟျူနင်း ပြန်လာပြီလား "
အကို့မေးခွန်းကိုမဖြေပဲ ပွေ့သာဖက်လိုက်သည်။အဆင်မပြေတဲ့အခါ အကိုက ကျွန်တော့်အတွက် အနွေးထွေးဆုံးပဲလေ။
" ဘာဖြစ်လို့လဲ သူဌေးကဆူလိုက်လို့လား "
" ကျွန်တော် အလုပ်ထပ်ပြုတ်ပြန်ပြီ အကို "
အကို့ခါးကိုသိုင်းဖက်ထားတဲ့လက်တွေကိုမဖြုတ်ပဲ အကို့မျက်နှာကိုကြည့်ပြီး ဖြေလိုက်သည်။ ဒီနေ့ကျမှ အကိုက ပုံမှန်ထက်ပိုချောနေလိုက်တာ။
" ဟားဟား အဲ့တာကြောင့် အကို့ကလေးလေးက ဝမ်းနည်းနေတာလား "
အကိုကခပ်ဟဟရယ်တယ်။ သိပ်မကြာလိုက်ဘူး အကိုရဲ့ လက်ချောင်းရှည်တွေဟာ ကျွန်တော့်ပါးပြင်ပေါ်မှာ တည်တယ်။အကို့ခါးကိုရစ်ပတ်ထားတဲ့ ကျွန်တော့်ရဲ့လက်တွေကိုပိုတင်းကြပ်လိုက်တယ်။ အကို့မျက်နှာနားကိုပို၍တိုးလို့ ချဥ်းကပ်တဲ့အခါ အကို့မျက်တောင်လေးတွေဖျက်ခနဲ လှူပ်ရှားသွားတယ်။
" အကို ကျွန်တော် အကို့ကို သဘောကျတယ် "
" အဟား ချွဲနေပြန်ပြီ ဟျူနင်းကတော့ "
ကျွန်တော်ပြောတဲ့အဓိပ္ပာယ်ကိုမသိတာလား။မသိချင်ယောင်ဆောင်တာလား အကိုရယ်။ ကျွန်တော်ဖြစ်ချင်တာက အကို့ရဲ့ညီတစ်ယောက်၊ကလေးတစ်ယောက်မှ မဟုတ်ပဲ။