Unicode//
" မင်းအပြာရောင်မျက်ဝန်းတွေကို လူတွေကိုထိန်းချုပ်ဖို့မသုံးပါနဲ့လား "
တိတ်ဆိတ်နေတဲ့လေထုကို ယောန်ဂျွန်းမှအရင်ဖြိုခွဲလိုက်သည်။ လေပြည်တွေဟာလဲ ထိုကောင်လေး၏ဆံနွယ်တွေလွင့်နေအောင် အလိုက်တသိနှင့် တိုက်ခတ်နေလေသည်။
" ဘာလို့လဲ ခများသဝန်တိုလို့လို့တော့ မပြောနဲ့နော် "
ကောင်လေးဘက်မှရွှတ်နောက်နောက်နဲ့ပြောလိုက်ပင်မဲ့သူ့မှာတော့ ပါးပြင်တွေနီမြန်းသွားတာ ကိုတော့ငြင်းမရပေ။
သက်သာစေဖို့ အကြည့်လွှဲလိုက်ပင်မဲ့ မျက်ဝန်းထောင့်ကနေ နှင်းဆီရောင်နှုတ်ခမ်းပါးလေး ကွေးညွတ်သွားတာကို မြင်ဖြစ်အောင်မြင်လိုက်သေးသည်။
" ပေါက်ကရတွေဆက်ပြောနေရင် မင်းကိုဒီညအိမ်ပြန်မလွှတ်ဘူး "
" ကျွန်တော်လဲအိမ်မပြန်ချင်ပါဘူး "
ခပ်သွက်သွက် ပြန်ဖြေပြီး ပေါင်ပေါ်လှဲချလာတဲ့ ကောင်လေးကိုသူမနိုင်ပါ၊ နက်မှောင်နေတဲ့ဆံနွယ်တွေကြား သူလက်ချောင်းတွေနဲ့ ထိုးဖွယုံမှတပါး မတတ်နိုင်တော့။
" ဘာလို့ကျွန်တော့်ကိုမကြည့်တာလဲ "
မေးရက်လိုက်တာ ကောင်လေးရယ်၊ ရုံးလေနစ်လေ မျက်ဝန်းပြာတွေကို ငါကဘယ်လိုစိတ်နဲ့ကြည့်ရဲမလဲ..။
" မုန်းလို့ "
ကောင်လေးက ကမ္ဘာပေါ်မှာ အတောက်ပဆုံးအပြုံးတွေနဲ့ ရယ်သည်။
သူ့လက်ချောင်းတွေက ကိုယ့်ရင်ဘတ်မှာ စက်ဝိုင်းလေးတွေရေးဆွဲလို့။" လူလိမ် "
နှစ်ယောက်လုံးအသံထွက်အောင်ရယ်လိုက်မိကြသည်။ ဒီအခိုက်အတန့်လေးကို ရပ်တန့်လို့ရရင်ကောင်းသား။
" လမင်းကြီးကလှတယ်မလား ဘောမ် "
ယောန်ဂျွန်း၏ဆိုလိုရင်းကိုသိပုံရသည် ကောင်လေးသည် ပါးပြင်တွေနီးရဲကာ မျက်ဝန်းတွေမှိတ်ထားလို့နေသည်။
ရှက်ရွံ့နေသည့်မျက်စိအောက်က နှင်းဆီငယ်ဟာ ဘယ်သူ့မှရှာမတွေ့အောင် ရင်ခွင်ထဲသိမ်းထားချင်စရာ။
![](https://img.wattpad.com/cover/331231354-288-k538574.jpg)