Different - Yeongyu

202 21 1
                                    

Unicode //

" ကော်ဖီရပြီ ဘောမ် "

" ကျွန်တော် ကော်ဖီ မကြိုက်ဘူးလေ အကို "

အကိုနဲ့ကျွန်တော် က အကြိုက်တွေသိပ်ကို ကွာခြားတယ်။ ကျွန်တော်တို့နှစ်ယောက် က တော်တော်များများမတူကြဘူး။

" အကို မေ့သွားတယ် ဘောမ် ဆောရီး "

အကို့ရဲ့ တောင်းပန်စကားပြီးတဲ့နောက် ကျွန်တော်တို့ ထွေထွေထူးထူး စကားမပြောဖြစ်ကြတော့ဘူး။ ညနေမိုးချုပ်တဲ့အထိ ကျွန်တော်တို့ ဒီတိုင်းထိုင်နေခဲ့ကြတယ်။

ဒါကရူးကြောင်ကြောင်နိုင်ပင်မဲ့ ကျွန်တော်တို့နှစ်ယောက်လုံး ဒီအခြေအနေလေးကို သဘောကျတယ်။ ဘာမှမလုပ်ပဲ ဒီတိုင်းလေးအတူရှိနေရတာကို။ အချင်းချင်းထုတ်မပြောဖြစ်ပင်မဲ့ အဲ့လိုအချိန်မျိုးမှာဆို တစ်ယောက်ကိုတစ်ယောက်ခိုးခိုးကြည့်တတ်ကြတယ်။

" နောက်တစ်ခါကျ အကိုတို့ Milk Coffee အတူသောက်ရအောင် "

ကျွန်တော်ခေါင်းကိုအသာအယာငြိမ့်တော့ အကိုကပြုံးတယ်။ ကျွန်တော်တို့ အကြည့်တွေစုံတဲ့အခါ ရင်ခုန်သံဟာ စတွေ့တဲ့နေ့ကအတိုင်းတစ်ထပ်တည်းကျနေခဲ့တယ်။ အကို မျက်ဝန်းတွေမှေးစဥ်းပြီး ကျွန်တော့်အနားကပ်လာတဲ့အခါ အလိုက်တသင့် မျက်လုံးမှိတ်မိတော့ အကိုကပြောတယ်။

" အရူးလေး "

နှစ်ယောက်လုံးပြိုင်တူအသံထွက်ပြီးရယ်မိလိုက်ကြတယ်။

ည 9:45

ပြတင်းပေါက်ကနေ ရှူခင်းအတူကြည့်တဲ့အခါ ကျွန်တော်တို့ စကားဝိုင်းလေးကတိတ်ဆိတ်သွားတယ်။ ဟုတ်သား အကိုက ညဘက်ကောင်းကင်ကိုသဘောမကျဘူးလေ။

" အကို သဘောမကျရင် ကျွန်တော်တို့ ရုပ်ရှင်ကြည့်ကြမလား "

အေးစက်နေတဲ့ကျွန်တော့်လက်တွေကို ဆုပ်ကိုင်လာရင်းအကိုကပြောတယ်။

" ညဘက်ကောင်းကင်ကို မကြိုက်ပင်မဲ့ လမင်းကြီးနဲ့ မင်းကိုတော့ ကြိုက်တယ် ဘောမ် "

ကျွန်တော် က အကို့ကိုမျက်နှာချင်းဆိုင် မျက်နှာမူစေတယ်။ ပြီးတော့..

𝖫𝗈𝗏𝖾 𝖣𝗂𝖺𝗋𝗒 || 𝖳𝖷𝖳Where stories live. Discover now