Unicode //
" Mint Choco ice cream တစ်ခွက် "
" Hyung! ကျွန်တော်တို့ဆိုင်မှာ Mint chco မရဘူးလို့ဘယ်နှစ်ခေါက်ပြောရမလဲ "
" အာ ဒါဆို Strawberry "
" အဲ့တာလည်းမရဘူး "
" ဟာ ဘာလို့လဲ "
" ကျွန်တော်စားမှာမို့လို့လေ "
အပြစ်ကင်းစင်တဲ့ကောင်လေးနှစ်ယောက်ရဲ့ရယ်သံက ရေခဲမုန့်ဆိုင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။
နေ့တိုင်း၊လတိုင်း၊နှစ်တိုင်း၊
ကောင်လေးတစ်ယောက်သည် အကြောင်းမရှိအကြောင်းရှာပြီး ရေခဲ
မုန့်ဆိုင်ကိုလာလေ့ရှိသည်။အရောင်းဝန်ထမ်းကောင်လေးနဲ့ ဆုံတိုင်း တစ်ဆိုင်လုံးပျော်ရွှင်မှုတွေနဲ့ပြည့်နှက်သွားခဲ့တာ မနေ့တစ်နေ့ကလိုပင်။
နှစ်တွေလဲကြာခဲ့ပြီ၊ ကောင်လေးနှစ်ယောက်လဲအရင်လိုမတွေ့ဖြစ်တော့သလို ရေခဲမုန့်ဆိုင်လေးလဲပိတ်သွားခဲ့လေပြီ၊ နောက်ဆုံးမှာတော့ လူတိုင်းက ကိုယ့်လမ်းကိုလျှောက်ရတာပဲလေ။
" ဒါဆို သူတို့နှစ်ယောက်က ပြန်မတွေ့ကြတော့ဘူးလား ပါးပါး "
ရင်ခွင်ထဲကအကောင်ပေါက်လေးက မေးသည်၊ ပုံပြင်တစ်ပုဒ်လိုနားထောင်နေတာတောင် သားလေးဟာမျက်ရည်တွေဝဲနေခဲ့သည် တကယ်လို့သာဖြစ်ရပ်မှန်ဆိုတာသိခဲ့ရင်..။
" အိပ်တော့နော် နောက်နေ့ကြမှဆက်ပြောပြမယ် "
ကလေးကိုစောင်သေချာခြုံပေးခဲ့ပြီး အခန်းထဲကထွက်လာသည်နှင့် ရင်ဘတ်မှာသိသိသာသာကိုတင်းကြပ်လာသည်။
ဒါကိုပြန်အစမဖော်ခဲ့သင့်တာ။
ဟုတ်သည်၊အခုပုံပြင်ပြောပြသူမှာ ပုံပြင်ထဲကဇာတ်ကောင်ကိုယ်တိုင်ပင်ဖြစ်သည်။
တစ်ချိန်က Mint choco ice cream အမြဲတမ်းမှာစားချင်ခဲ့သူ Choi Yeonjun.
" နောက်ကျနေပြီ အိပ်တော့လေ Darling "
ဘေးနားကအသံချိုချိုနဲ့မိန်းကလေးထွက်ပေါ်လာသည်နှင့် အပြုံးတုတစ်ခုဖန်တီးပြီး ခေါင်းညိမ့်ခဲ့လိုက်သည်။
