Summer Sadness - Taegyu

146 13 0
                                    

Unicode//

2020 နွေဦး

" ဟျောန်း ငါသီချင်းတစ်ပုဒ်လေ့ကျင့်ထားတယ် နားထောင်ကြည့်မလား "

" အွန်း နားထောင်မယ်လေ အကို "

အကျင့်တစ်ခုဖြစ်နေတဲ့ ခန္ဓာကိုယ်က အလိုလျောက် အကို့ကို မှီတွယ်တယ်။ ဂီတာပေါ်ပြေးလွှားနေတဲ့ အကို့လက်ချောင်းတွေကို သဘောကျမိတာ အမှားတစ်ခုများလား။

" ဒါနဲ့ ဒီနေ့သံစဥ်က ဘာလို့ ဆွေးနေတာလဲ "

" အွန်း..ဒီသံစဥ်က နှူတ်ဆက်လက်ဆောင်အဖြစ် သုံးလေ့ရှိတယ်တဲ့ "

အဲ့ဒီတုန်းက အကိုဘာကိုဆိုလိုလဲနားမလည်ခဲ့ဘူး။ အဲ့ဒီ အပြုံးနုနုလေးက သာမန်ပဲလို့ထင်ခဲ့တာ နှလုံးသားကို ဓါးနဲ့မွှန်းသလို နာကျင်စေနိုင်မှန်းလဲ မသိခင်ကပေါ့။

2022 နွေဦးရာသီနှောင်း

" ဒါကဘာဖြစ်နေကြတာလဲ "

မျက်စိရှေ့ကဖြစ်ရပ်တွေက မယုံနိုင်လောက်အောင် စက်ဆုပ်နိုင်လွန်းတယ်။ အကိုဟာ တခြားသူစိမ်းတစ်ယောက်နဲ့ နမ်းနေခဲ့တယ်တဲ့လေ။

" ဟမ် ထယ်..ထယ်ဟျောန်း "

သူခိုးလူမိသလို မျက်ဝန်းတွေနဲ့ အကိုဟာ ကျွန်တော့်ကိုစိုက်ကြည့်ခဲ့တယ်။ဒီလိုအခြေအနေမျိုးမှာတောင် ထိုလူသားကိုမမုန်းရက်နိုင်တဲ့ ကိုယ့်ကိုယ်ကိုလဲ ဒေါသထွက်လွန်းတယ်။ ထိန်းမနိုင်တော့တဲ့အခါ အကို့ဘေးက သူစိမ်းကောင်အပေါ် ပုံချတယ်။ ကျွန်တော်သူ့ကို မရပ်မနားထိုးတော့ အကိုကကျွန်တော့်ကိုတားရင်းပြောတယ်။

" ဂန်ထယ်ဟျောန်း ရပ်လိုက်တော့ !! "

ကျွန်တော်ပြောချင်တာတွေ များလွန်းလို့ ဘာမှထွက်မလာတော့တဲ့ စကားလုံးတွေကိုမြိုသိပ်လိုက်ပြီး အကို့လက်ကိုဆွဲခေါ်ပြီး ထွက်လာလိုက်တယ်။ ဒါပေမဲ့ အကိုက ထိုသူစိမ်းကိုပြောတယ်။

" အကို ကျွန်တော် တောင်းပန်ပါတယ် " တဲ့။

" ဂန်ထယ်ဟျောန်း မင်း ငါ့လက်ကိုလွှတ် ! "

" အကို ကျွန်တော့်ကို နည်းနည်းလေးတောင် မရှင်းပြချင်ဘူးလား "

𝖫𝗈𝗏𝖾 𝖣𝗂𝖺𝗋𝗒 || 𝖳𝖷𝖳Where stories live. Discover now