Unicode
"Fuck""အခုချက်ချင်းကြီးလား"
"မင်းနော် င့ါစိတ်ကပျော်နေတာမဟုတ်ဘူး"
ဒီလိုဘာမဟုတ်တဲ့ကိစ္စလေးတွေကြောင့်အငြင်းပွားနေကြတဲ့ အတွဲတစ်တွဲက သူတို့အတွက်တော့ဒါဟာ လောကနိယာမလိုပါပဲ၊ တစ်ခြားတစ်ယောက်၊ ပစ္စည်းတစ်ခု၊ စကားတစ်ခွန်းကြောင့်သ၀န်တိုမယ်၊ စိတ်ဆိုးကြမယ်၊ မချော့တတ်ချော့တတ်နဲ့ချော့ရတာပါပဲ။
" အာာ ငါတောင်းပန်ပါတယ် ဟုတ်ပြီလား "
" ချွဲယောန်ဂျွန်းနော် ကျောင်းတုန်းကအချိုးတွေချိုးမလာနဲ့ "
ဟစ်ခနဲရယ်မိတာကနှစ်ယောက်လုံးပါပဲ၊ ဘယ်သူကထင်မှာတုန်း ကျောင်းတုန်းက ထစ်ခနဲရှိရင် ထရန်ဖြစ် ထိုးကြိတ်ကြတဲ့ ကောင်လေးနှစ်ယောက်က ဒီလိုတွဲမိသွားမယ်လို့လေ။
" မင်းအဲ့တုန်းက ငါ့ကိုပဲရန်စချင်နေတာ ငါ့ကောင်းကွက်တွေမှမမြင်ပဲနဲ့ "
ဒီတစ်ခေါက်တော့ ဆူပုတ်ပုတ်ပါပဲ၊ တစ်မိုးအောက်ချွဲယောန်ဂျွန်းက နှုတ်ခမ်းတွေဆူနေလေရဲ့၊ သူ့ဘေးကသူ့ကောင်လေးကတော့ ခပ်ပြုံးပြုံးပါပဲ။
"အဲ့လိုကြီးလုပ်မနေနဲ့ မင်းကောက်လဲငါကပြန်မချော့ဘူး"
အိုကေ' ဆိုတဲ့သဘောနဲ့ထထွက်သွားမယ်ပြင်တော့ ဘောမ်ဂယူမှာ ကမန်းကတန်းဖမ်းတားရသည်၊ ဒါလား သူ့ထက် နှစ်နှစ်ကြီးတာ။ အခုထိ သကြားလုံးပေးရင်အငိုတိတ်မဲ့ ငါးနှစ်သားလေးကြနေတာကို။
" အကိုကလဲ ကျွန်တော်ကစတာကိုနော် "
ဘောမ်ဂယူရဲ့အကြီးမားဆုံးလက်နက်က "အကို" လို့ခေါ်တာရယ်၊ အဖြူစင်ဆုံးမျက်လုံးတွေနဲ့ အသနားခံတာရယ်ပဲ၊ မတွဲခင်တည်းက အဲ့ဒီနည်းလမ်းနဲ့ပဲ ချုပ်လာခဲ့တာလေ။
" ချစ်တယ် "
ရုတ်တရက်၊ လောကကြီးကရပ်သွားတာများလား၊ ဘောမ်ဂယူရဲ့ပါးပြင်တွေနဲ့နားနှစ်ဖက်လုံးကို နီရဲတတ်လာခဲ့တယ်၊ ယောန်ဂျွန်းဆီက ချစ်တယ်' လို့နောက်ဆုံးကြားခဲ့ရတာ သူတို့စတွဲတဲ့ နေ့ကများလား? ဒါပေမယ့် အတွေးတွေနဲ့ပြောင်းပြန် ထွက်လာတဲ့ဘုကလန့်စကားက..။