Piggy Flirty - 2

1.1K 156 55
                                    

Unicode

" ငါ ၀မ်ရိပေါ် မလိုက်နိုင်တဲ့လူဆိုတာ မရှိဘူး ! "

" အံမယ် မင်းက သိပ်ကို ဟုတ်နေတယ်ပေါ့ "

နဖူးပေါ်ဝဲကျနေသည့် ဆံပင်တွေအား ၀မ်ရိပေါ်က လက်ချောင်းများဖြင့်ထိုးကာ အနောက်သို့ သပ်တင်လိုက်ပြီး ဆရာကြီးပုံစံလုပ်လိုက်သည် ။

" အဲ့လောက်တောင်တော်နေရင်
ငါ့ ဦးလေးကို လိုက်ပြကြည့်စမ်း ! "

" မင်းဦးလေးဆိုတာက Blind Dateတိုင်း အဆင်မပြေပဲ အသက် ၃၀ရောက်တာတောင် ရည်းစားတစ်ယောက်မှမရတဲ့ ! မိန်းကလေးတွေကို စိတ်မ၀င်စားဘူးထင်တယ်လို့ မင်း ခဏခဏညည်းဖူးတဲ့ ! အဲ့ဒီ FA ဦးလေးကို ပြောနေတာလား ? ! "

" အေး ! ငါ့မားသားကြီးက အဲ့ဒီ FA ဦးလေး အိမ်ထောင်ပြုမှ ငါလည်းအိမ်ထောင်ပြုရမယ်တဲ့ငါကလေ ကိုကိုနဲ့ လက်ထပ်ချင်လို့ တစ်ပိုင်းတင်မက နှစ်ပိုင်းပါသေတော့မယ် သူငယ်ချင်းရယ် "

" ခွေးစုတ်ကောင် ! မင်း လင်လိုချင်တိုင်းနဲ့ ! "

ငိုမဲ့မဲ့လေးကြည့်လာတဲ့ သူငယ်ချင်းဖြစ်သူကို ချက်ချင်းအကြည့်လွှဲလိုက်ပြီး လက်ခါမိသည် ။

" နိုးနော် နိုး နိုး နိုး ! ငါ ၀မ်ရိပေါ်က သူငယ်ချင်းတွေကို ကူညီပေးတတ်ပေမဲ့လည်း ဇာတ်တူသားတော့ လုံး၀မစားဘူး ! အခုချက်ချင်း မင်း လာရာ လမ်းအတိုင်း လှည့်ပြန်လိုက်တော့ သူငယ်ချင်း မင်း အကူညီတောင်းမိတဲ့ လူက မှားသွားပြီ ! "

" အဲ ! အဲ ! ယတိပြတ်ကြီးမငြင်းနဲ့လေ အရင်ဆုံး ငါ့ဦးလေးပုံလေးတော့ ကြည့်ပါဦး ! ဒီမှာ ဒီမှာ ! "

မျက်စိရှေ့အတင်းလာထိုးပြနေသော ဖုန်း screenပေါ်က ပုံကို လှည့်ပတ်ရှောင်မိသည် ။

" မကြည့်ဘူး ! မသိဘူး ! မကြားချင်ဘူး ! "

" မင်းကလည်း အဲ့..အဲ့လိုကြီးမလုပ်ပါနဲ့ တစ်ချက်လေးပဲ ! တစ်ချက်လောက်လေးပဲ ရှိုးပါဦးကွ ! "

လက်ညိုးတစ်ချောင်းထောင်ကာ ခါခါယယကို တောင်းဆိုနေသည့် သူငယ်ချင်းဟာ ထိန်းမနိုင် သိမ်းမရ ဇွတ်အတင်းကြီးကို ထိုးကျွေးနေသည် ။

Piggy Flirty Walky-Talky ( Completed )Donde viven las historias. Descúbrelo ahora