Unicode
1-10
" ကော်ဖီတွေ ဘာလို့ခါးလဲ ကျန့်ကောသိလား "
" ကော်ဖီပါဆို ခါးတဲ့အမျိုးပဲဟာ ခါးမှပေါ့ ! "
" မဟုတ်ဘူး ~ မဟုတ်ဘူး ~ မှားတယ် ! "
လက်ညိုးလေးတရမ်းရမ်းဖြင့် သူ့ကို ခေါင်းလာစားနေသည့် ကောင်လေးဟာ တစ်နေ့တစ်နေ့ဘယ်ကနေရှာလာမှန်းမသိတဲ့ ပေါက်တတ်ကရမေးခွန်းမျိုးစုံကို လာလာမေးတတ်ပါ၏ ။
" ဒါဆို ပြောစမ်းပါဦး ဘာလို့ခါးရတာလဲ ? ! "
" ချိုမြိန်မှုဆိုတာက...ကျန့်ကောဖြစ်နေလို့ပေါ့ "
သူ့လက်ကို လျှပ်တပြက်ဆွဲယူပြီး နှုတ်ခမ်းဖြင့် ဖိကပ်လိုက်သည့် ကောင်လေးကြောင့် လူက ရှိန်းတိန်းဖိန်းတိန်းဖြစ်လို့သွားသည် ။ ချက်ချင်းပင် ဆောင့်ရုန်းလိုက်တော့ ပြီတီတီမျက်နှာပေးနှင့် အကြည့်ဟာ တကယ့်ကို ဆွဲထိုးပစ်လိုက်ချင်စရာ ။
" ဘာမှလည်းမဆိုင်ဘူး ! "
" ဟင် ? ! ဆိုင်ချင်တာလား
လာ လာ လာ တရားရုံးသွားစို့ ! "" BaKa ! ! ! "
× × ×
2-10
" A က B ကို ကြိုက်တယ် , B က C ကို ကြိုက်တယ် , C ကတော့ D ကို ကြိုက်ပြီး D ကတော့ E ကို ကြိုက်တယ် , အဲ့ E က F ကိုကြိုက်နေပြီး F ကကျ G ကိုကြိုက်တယ် ဒါပေမဲ့ G ကြိုက်တာက H ! အဲ့ H ကြိုက်တာကျတော့ I ! ဒါဆို ကျန့်ကော
I ကြိုက်နေတာက ဘယ်သူဖြစ်မယ်ထင်လဲ ? ! "
" J ပေါ့ I ကြိုက်နေတာ J ပဲဖြစ်မှာ ! "
ဟုတ်တယ်မလား ဆိုတဲ့အကြည့်ဖြင့်ကြည့်လိုက်တော့ ခေါင်းခါပြလိုက်သည့် ကောင်လေးက.....။
" ဟင့်အင်း I ကြိုက်တာ U ကို ကျန့်ကော
ဆိုတော့ I Love You Zhange ( ˘ ³˘) ♥ "Fuck ! သတိထားနေတဲ့ကြားက ခံလိုက်ရပြန်ပြီ !
× × ×
3-10
" ဝိုး ! ဝိုး ! ဒီနေ့အရမ်း ချောတာပဲ ကျန့်ကော
အသက်က ကျွန်တော့်ထက် ငယ်တယ်လို့တောင် ထင်ရတယ် မတရားကို နုပျိုလန်းဆန်းနေတာပဲ "
YOU ARE READING
Piggy Flirty Walky-Talky ( Completed )
Fanfictionအရောအနှောမပါ ခွေးစာသီးသန့် ! အေရာအေနွာမပါ ခွေးစာသီးသန့် !