Unicode
" ကျွန်တော် ရေချိုးပြီး အပြင်ပြန်ထွက်မှာ ရှုရှု ကျွန်တော့်သူငယ်ချင်း စောင့်ရမပျင်းနေအောင် စကားလေး ဘာလေး ခဏပြောထားပေးပါဦး "
အိမ်ပေါ်ထပ်သို့ ပြေးတက်သွားသည့် သူ့သူငယ်ချင်းကတော့ အလိုက်တသိရှောင်ထွက်ပေးသွားခဲ့ပြီ ။ အခုကျန်တာကတော့ သူ့ကိစ္စပဲ !
" တိုက်ဆိုင်လိုက်တာ ထပ်တွေ့ပြန်ပြီပဲ "
" ငါတော့ တိုက်ဆိုင်တယ်လို့မထင်ဘူး "
တွေ့တာနှင့်အကန်တွေချည်းပြောတတ်သည့် ဒီလူကြီးကိုအူယားလွန်းလို့ သူ ဘယ်လိုလုပ်ရပါ့ ?
" လူတွေက ဒီလိုပြောကြတယ်
ပထမတစ်ခါတွေ့တာဆို မတော်တဆ
ဒုတိယတစ်ခါကြုံတာက တိုက်ဆိုင်မှု
တတိယတစ်ခါဆုံရင်တော့ ရေစက်ပဲတဲ့ပြောကြည့် ! ဒီလောက်ဆို ကျွန်တော်တို့ လက်ထပ်လို့ရလောက်ပြီမဟုတ်ဘူးလား "
မျက်နှာကြီးတစ်ခုလုံးနီရဲလာသည့် မျက်စိရှေ့ကလူကြီးဟာ ရှက်နေတာတော့ လုံး၀ မဖြစ်နိုင်ဘူး ။ သေချာပေါက် ဒေါသထွက်နေတာပဲဖြစ်ရမည် ။
သူကြားဖူး...မှားလို့ ကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲမှာ
ဒေါသအိုးကွဲလေးတွေက ချစ်ဖို့ကောင်းတယ်တဲ့ !
ဒီလူကြီး ပေါက်ကွဲရင်ရော ဘယ်လိုများနေမလဲ ?" မင်း ဆေးလှုပ်သောက်သင့်နေပြီ ကောင်လေး မင်းနဲ့ငါ့ကြားမှာ ဘာရေစက်မှလည်းမရှိသလို မင်းနာမည်ကိုတောင် ငါသိမနေဘူး ဒါကြောင့် အိမ်မက်ကနေ အခုချက်ချင်း နိုးထလိုက်တော့ "
" အိုး ~ နာမည်ကိုသိချင်တာများ ပြောပြပါ့မယ်
ကျွန်တော့်နာမည် ၀မ်ရိပေါ်လို့ခေါ်တယ် မျိုးရိုးက ၀မ်မို့လို့ ၀မ့်ကလေးလေးလုပ်ကြည့်ပါလားဟင် "လက်ဖဝါးထဲသို့ လက်ချောင်းလေးများ ကွေး၀င်သွားသည်အထိ လက်သီးဆုပ်လိုက်သည့် လူကြီးဟာ မေရိုးတွေ ထင်းထောင်ကာ အံကြိတ်သံဖြင့် သူ့အား စူးစိုက်ကြည့်ပြီး ပြောလာသည်က...။
" ငါ့ကို ဘယ်လိုခေါ်လိုက်တာ ထပ်ခေါ်ကြည့် ! "
" ဟင် ? ! ထပ်ကြားချင်သေးလို့လား
ဒါဆို ထပ်ခေါ်ပေးရမှာပေါ့ ၀မ့်ကလေး..."
ESTÁS LEYENDO
Piggy Flirty Walky-Talky ( Completed )
Fanficအရောအနှောမပါ ခွေးစာသီးသန့် ! အေရာအေနွာမပါ ခွေးစာသီးသန့် !