Piggy Flirty - 10

966 126 63
                                    

Unicode

8-10

မျက်နှာပေါ်၌ တစ်ခုခု ပြေးလွှားဆော့ကစားနေသလို ယွစိယွစိခံစားချက်ကြီးကြောင့် ၀မ်ရိပေါ် နိုးလာခဲ့သည် ။ နိုးနိုးချင်း သူ့အား စိုက်ကြည့်နေခဲ့သည့် မျက်၀န်းညိုတွေကြောင့် ခေတ္တခဏလောက် ကြောင်အသွားခဲ့သည် ။ ထိုအချိန်တွင် အလန့်တကြားဖြင့် ဖျက်ခနဲမှိတ်ချသွားသည့် မျက်လုံးအစုံဟာ မျက်တောင်လေးများနှင့် ဖုံးအုပ်သွားခဲ့ပြီး သူ့အကြည့်အောက်မှ ပုန်းကွယ်သွားတော့သည် ။

ဘာပါလိမ့် ? ! ဒီ သူခိုး လူမိသွားတဲ့အခိုက်အတန့်ကြီးက ? ! မဟုတ်မှ ! ကျန့်ကောက သူမနိုးခင်က တည်းက သူ့မျက်နှာကို ခိုးကြည့်နေခဲ့တာလား ? !

မျက်တောင်အဖျားတွေ တဆက်ဆက်လှုပ်နေတာတောင် အိပ်ချင်ယောင်ဆောင်နေသေးသည့် ကျန့်ကောဟာ သူ့ကို အရူးထင်နေတာလားလေ ~

" ကျန့် ~ ကော ~ "

စချင်တာကြောင့် နားရွက်ထဲသို့ လေမှုတ်လျက် နာမည်ကို ကြက်သီးထစဖွယ်ကောင်းသည့် အသံဖြင့် ခေါ်လိုက်သည် ။ အနည်းငယ် တွ့န်သွားပေမဲ့ ဟန်ဆောင်နေဆဲ လူကြီးကြောင့် ၀မ်ရိပေါ်၏ မကောင်းသည့် ညဥ်ကလေးဟာလည်း အလုပ်လုပ်လာခဲ့သည် ။

" ကျန့်ကောက တကယ်ကြီး အိပ်နေတာပဲ
အားရပါးရ တစ်ချက်လောက် ခိုးနမ်းပစ်....."

စကားတောင်မဆုံးသေးခင် ချက်ချင်းကို အင်း အဲ လုပ်ပြီး ထထိုင်လာသည့် ကျန့်ကောက အနမ်းခံရမှာတော့ ကြောက်သည် ထင်၏ ။ ဟိုတစ်ခါ ချုပ်ပြီး ပြင်သစ်အနမ်းပေးလိုက်တည်းက သူ့ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်နေတာသာ ကြည့် !

" တာ၀န်ယူ ကျန့်ကော "

" ဟမ် "

" တာ၀န်ယူလို့ "

" ဘာကို... "

" ကျွန်တော့်ကို "

"......."

" တာ၀န်ယူပါဆို "

" ဘာလို့ယူရမှာလဲ "

" ယူရမှာပေါ့ ! သူများသားပျိုလေးကို
တစ်ညလုံး အခန်းထဲ ခေါ်အိပ်ထားပြီးမှတော့ တာ၀န်မယူချင်လို့ ရ​မယ်ထင်နေလား ? ! "

Piggy Flirty Walky-Talky ( Completed )Where stories live. Discover now