Piggy Flirty - 5

980 152 24
                                    

Unicode

ကိုယ့်ဘာသာကိုယ်နေနေတဲ့ ရှောင်ကျန့်ဘ၀ထဲ
သူ့ဘာသာသူမနေတဲ့ ကောင်လေးတစ်ယောက်က အတင်းအကြပ်တိုး၀င်လာဖို့ ကြိုးစားနေတယ် !

ထိုးလွှတ်လိုက်တာလည်း မှတ်ပုံမရသည့် အနှီကောင်လေးဟာ နှာခေါင်းမှာ ပလာစတာကပ်လို့ သူ့ရှေ့မှာ စပ်ဖြဲဖြဲရုပ်ဖြင့် လာထိုင်နေသည် ။

ဆင်ခြေကတော့ သူငယ်ချင်းကိုလာခေါ်တာပါဟုပြောသည် ။ သူတော့ မယုံပါဘူး ။ အိမ်မကပ်တတ်သည့် သူ့တူက ဒီရက်ပိုင်းတအားကိုမှ အိမ်မြဲတာများ သူငယ်ချင်းက လာခေါ်ထုတ်ရသတဲ့ !

အဲ့လိုလာခေါ်ထုတ်ရတိုင်းလည်း ရေကို လေဖြတ်မလို တစ်နာရီလောက်ချိုးနေပြီး အတော်နှင့် အောက်ဆင်းမလာသည့် သူ့တူကြောင့် ဧည့်ခန်းမှာ စာဖတ်တတ်သည့် သူနှင့် ထိုကောင်လေးက အမြဲနှစ်ယောက်တည်း အချိန်အတော်ကြာရှိနေတတ်သည် ။

ထူးဆန်းတာတစ်ခုက ထိုကောင်လေးက သူအိမ်မှာ နေသည့် စနေနှင့် တနင်္ဂနွေ ကျောင်းပိတ်ရက်ကျမှ တိုက်တိုက်ဆိုင်ဆိုင် အိမ်ကိုရောက်လာတတ်တာပဲ ။ ဆိုတော့.....!

ဒါတွေက ကြိုတင်ကြံစည်ထားတာမှန်း
အရမ်းကြီး မသိသာလွန်းမနေဘူးလား ? !

" ကျန့်ကော ! ကျန့်ကော ! ကျန့်ကောက
အဖေနဲ့တူတာလား ? အမေနဲ့တူတာလား ? "

" ငါက သူတို့သားပဲ နှစ်ယောက်စလုံးနဲ့တူတယ် "

" အဲ့လိုလား အမ်းးး သေချာကြည့်တော့
တူသားပဲနော် ကျွန်တော့်ချစ်သူလေးနဲ့လေ "

" မင်းတော့ မျက်မှန်သွားတပ်သင့်နေပြီ "

သူ့အပြောကို ရယ်သွမ်းနေသည့် ကောင်လေးကို မျက်လုံးမှေးကြည့်လိုက်မိသည် ။ သူ့တူကလည်း ဒီကိစ္စမှာ အလိုတူအလိုပါဖြစ်နိုင်သည် ။

ဟုတ်တာပေါ့ သူ့တူက သူ့ချစ်သူကောင်လေးနဲ့အရမ်းကိုမှ လက်ထပ်ချင်နေတာမလား ? ! အစ်မဖြစ်သူကလည်း သူလက်ထပ်ပြီးမှ သူ့တူကို လက်ထပ်ရမယ်ဆိုပြီး ပြောထားတော့ သူ့တူက သူ့ကို အခုလိုတွေ စီစဥ်လာတာပဲဖြစ်ရမယ် !

တွေးကြည့်မှ သိပ်ကိုအဆက်အစပ်ရှိနေပါ့လား ?
တောက် ! အားလုံးက သူ့တူရဲ့ စနက်တွေပေါ့ ! သူ့တူက သူ့ကို Blind Date ခဏတိုင်းတွေ့ပေးတာ အဆင်မပြေလို့ ယောကျ်ားပါ ပေးစားဖို့ လုပ်လာတာပဲ ! ဟား အရမ်းကို ကျွေးရမွေးရကျိုးနပ်တဲ့ တူလေးကို သူရထားတာပါလား ? !

Piggy Flirty Walky-Talky ( Completed )Kde žijí příběhy. Začni objevovat